ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 23:1-11 Common Language Bible (BCL)

1. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ကိ​လ​မြို့​ကို တိုက်​ခိုက်​၍ ရိတ်​သိမ်း​ပြီး​စ​ကောက်​သစ်​များ ကို​လု​ယူ​သော​သ​တင်း​ကို​ဒါ​ဝိဒ်​ကြား လျှင်၊-

2. ထာ​ဝ​ရ​ဘု​ရား​အား``ကျွန်​တော်​မျိုး​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို​သွား​ရောက်​တိုက် ခိုက်​ရ​ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``သွား​လော့။ သူ​တို့​ကို တိုက်​ခိုက်​၍ ကိ​လ​မြို့​ကို​ကယ်​တင်​လော့'' ဟု​မိန့်​တော်​မူ​၏။

3. သို့​ရာ​တွင်​ဒါ​ဝိဒ်​၏​အ​ပေါင်း​ပါ​တို့​က``ဤ ယု​ဒ​ပြည်​တွင်​ပင်​လျှင်​အ​ကျွန်ုပ်​တို့​ကြောက် လန့်​လျက်​နေ​ရ​ကြ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား တို့​ကို​သွား​ရောက်​တိုက်​ခိုက်​ပါ​မူ ပို​၍​ပင်​အ​ခြေ အ​နေ​ဆိုး​ရွား​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​သ​ဖြင့်၊-

4. ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တစ်​ဖန် လျှောက်​ထား​မေး​မြန်း​ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား က``ကိ​လ​မြို့​သို့​သွား​ရောက်​တိုက်​ခိုက်​လော့။ ငါ သည်​သင့်​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

5. ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။

6. အ​ဟိ​မ​လက်​၏​သား​အ​ဗျာ​သာ​သည်​ထွက် ပြေး​လွတ်​မြာက်​ပြီး​နောက် ကိ​လ​မြို့​ရှိ​ဒါ​ဝိဒ် ထံ​သို့​ဝင်​ရောက်​လာ​သော​အ​ခါ သူ​သည်​မိ​မိ နှင့်​အ​တူ​ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​ကို​ယူ ဆောင်​လာ​ခဲ့​၏။

7. ကိ​လ​မြို့​သို့​ဒါ​ဝိဒ်​ရောက်​ကြောင်း​ကို​ရှော​လု ကြား​လျှင်``ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​အား ငါ​၏​လက်​သို့​အပ်​တော်​မူ​ပြီ။ ဒါ​ဝိဒ်​သည်​မြို့ ရိုး​နှင့်​မြို့​တံ​ခါး​အ​ခိုင်​အ​မာ​ရှိ​သည့်​မြို့​ထဲ သို့​ရောက်​ခြင်း​အား​ဖြင့် ထောင်​ချောက်​တွင်း သို့​သက်​ဆင်း​လေ​ပြီ'' ဟု​ဆို​၏။-

8. ထို့​ကြောင့်​ရှော​လု​သည်​စစ်​သည်​တပ်​သား​များ အား​ဆင့်​ခေါ်​ပြီး​လျှင် ကိ​လ​မြို့​သို့​ချီ​တက် ၍​ဒါ​ဝိဒ်​နှင့်​အ​ပေါင်း​ပါ​တို့​အား​ဝိုင်း​ရံ​ရန် အ​မိန့်​ပေး​တော်​မူ​၏။

9. ဒါ​ဝိဒ်​သည်​မိ​မိ​အား ရှော​လု​တိုက်​ခိုက်​ရန်​ကြံ စည်​လျက်​နေ​ကြောင်း​ကြား​လျှင် ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​အား``သင်​တိုင်း​တော်​ကို​ယူ ဆောင်​ခဲ့​လော့'' ဟု​ဆို​၏။-

10. ထို​နောက်​ဒါ​ဝိဒ်​က``အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ရှော​လု သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး ကြောင့်​ကိ​လ​မြို့​သို့​လာ​ရောက်​၍ မြို့​ကို​ဖျက် ဆီး​ပစ်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကြား​ရ ပါ​၏။-

11. ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 23