ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 2:3-14 Common Language Bible (BCL)

3. ထာ​ဝ​ရ​ဘု​ရား​သည်​သဗ္ဗ​ညု​တ​ဉာဏ်​နှင့် ပြည့်​စုံ​တော်​မူ​၍၊လူ​တို့​ပြု​သော​အ​မှု​ရှိ​သ​မျှ​ကို​စစ်​ဆေး စီ​ရင်​တော်​မူ​သည်​ဖြစ်​ရာ၊သင်​တို့​သည်​ကျယ်​လောင်​စွာ​ကြွား​ဝါ​မှု​ကို မ​ပြု​ကြ​နှင့်။မောက်​မာ​သော​စ​ကား​ကို​နှုတ်​မှ​မ​ထွက်​စေ​နှင့်။

4. ခွန်​အား​ကြီး​သော​စစ်​သူ​ရဲ​များ​၏​လေး​တို့​သည်ကျိုး​ပဲ့​ကုန်​လျက်၊အား​အင်​ချည့်​နဲ့​သူ​တို့​သည် ခွန်​အား​ကြီး​မား​လာ​ကြ​၏။

5. အ​ခါ​တစ်​ပါး​က​ဝ​စွာ​စား​ရ​သူ​တို့​သည် ယ​ခု​အ​ခါ စား​ရ​ဖို့​အ​တွက်​သူ​ရင်း​ငှား​လုပ်​ရ​ကြ လေ​ပြီ။သို့​ရာ​တွင်​အ​စာ​ငတ်​မွတ်​သူ​တို့​မူ​ကား​ဝ​စွာ စား​ရ​ကြ​ပြီ။မြုံ​သော​မိန်း​မ​သည်​သား​သ​မီး​ခု​နစ်​ယောက် မျှ​ပင်​ရ​ရှိ​၍သား​များ​သော​မိ​ခင်​၌​မူ​ကား​တစ်​ယောက်​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။

6. ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။

7. ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​ဆင်း​ရဲ​စေ​၍ အ​ချို့​တို့​ကို​ချမ်း​သာ​စေ​တော်​မူ​၏။အ​ချို့​တို့​ကို​နှိမ့်​ချ​၍​အ​ချို့​တို့​ကို​ချီး မြှင့်​တော်​မူ​၏။

8. ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။

9. ``ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​ရှိ​သူ​တို့ ၏​အ​သက် စည်း​စိမ်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​မှောင်​မိုက်​တွင် ကွယ်​ပျောက်​ရ​ကြ​လိမ့်​မည်။လူ​သည်​မိ​မိ​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​အောင်​မြင် မှု​ကို မ​ရ​နိုင်​ရာ။

10. ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ​များ​သည်​ချေ​မှုန်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။သူ​တို့​အ​ပေါ်​ကောင်း​ကင်​မှ​မိုး​ချုန်း စေ​တော်​မူ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​တစ်​ခု​လုံး​ကို တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​မိ​မိ​ရွေး​ချယ်​ခန့်​ထား​တော် မူ​သော ဘု​ရင်​အား၊တန်​ခိုး​နှင့်​ပြည့်​စုံ​စေ​၍မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​သူ​အား အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။''

11. ထို​နောက်​ဧ​လ​ကာ​န​သည် ရာ​မ​မြို့​ရှိ​မိ​မိ​၏​နေ အိမ်​သို့​ပြန်​လေ​၏။ သို့​ရာ​တွင်​သူ​ငယ်​ရှ​မွေ​လ မူ​ကား​ရှိ​လော​မြို့​တွင်​နေ​ရစ်​၍ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​၏​လက်​အောက်​၌​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လေ​၏။

12. ဧ​လိ​၏​သား​တို့​သည်​သူ​ယုတ်​မာ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​လည်း ကောင်း၊-

13. လူ​တို့​ထံ​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​တောင်း​ဆို​ပိုင်​ခွင့် နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ဘဲ​ယဇ်​ပူ​ဇော်​နေ​သူ​ထံ​သို့ မိ​မိ တို့​၏​အ​စေ​ခံ​ကို​သုံး​ခွ​ခက်​ရင်း​နှင့်​စေ​လွှတ် တတ်​ကြ​၏။ ထို​အ​စေ​ခံ​သည်​အိုး​ကင်း​တွင် ချက်​ပြုတ်​နေ​ဆဲ​အ​သား​ကို၊-

14. ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 2