ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 2:19-31 Common Language Bible (BCL)

19. သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။-

20. ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။

21. ထာ​ဝ​ရ​ဘု​ရား​သည်​ဟန္န​ကို​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သူ​သည်​သား​သုံး​ယောက်​နှင့် သ​မီး​နှစ်​ယောက်​ကို​ရ​လေ​သည်။ သူ​ငယ် ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု တော်​ကို​ဆောင်​ရွက်​လျက်​ကြီး​ပြင်း​လာ​၏။

22. ယ​ခု​အ​ခါ​၌​ဧ​လိ​သည်​လွန်​စွာ​အို​မင်း​လျက် ရှိ​၏။ မိ​မိ​၏​သား​များ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြု​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​ဝင်​ဝ​၌ အ​လုပ်​တာ​ဝန်​ကျ​သူ​အ​မျိုး​သ​မီး များ​နှင့်​ပင်​မှား​ယွင်း​ကြ​ကြောင်း​ကို​လည်း ကောင်း​ဧ​လိ​ကြား​သိ​ရ​သည်။-

23. ထို့​ကြောင့်​ဧ​လိ​က``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​အ​မှု​တို့​ကို​ပြု​ကြ​သ​နည်း။ သင်​တို့​ပြု သည့်​ဒု​စ​ရိုက်​ကို​လူ​တိုင်း​ပင်​ပြော​ကြား လျက်​ရှိ​၏။-

24. ငါ့​သား​တို့​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော် တို့​ပြော​ဆို​နေ​ကြ​သော​အ​ကြောင်း​မှာ ဆိုး ရွား​လှ​ပါ​သည်​တ​ကား။-

25. လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။

26. သူ​ငယ်​ရှ​မွေ​လ​သည်​ဆက်​လက်​ကြီး​ပြင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​လူ​တို့​ရှေ့​၌​မျက်​နှာ ရ​လေ​၏။

27. ပ​ရော​ဖက်​တစ်​ပါး​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ မှ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ရန် ဧ​လိ​ထံ​သို့ ရောက်​ရှိ​လာ​၏။ ထို​ဗျာ​ဒိတ်​တော်​ကား​ဤ​သို့ တည်း။ ``သင်​၏​ဘိုး​ဘေး​အာ​ရုန်​နှင့်​အိမ်​ထောင် စု​သား​တို့​သည် အီ​ဂျစ်​ဘု​ရင်​ထံ​တွင်​ကျွန်​ခံ နေ​ရ​စဉ်​အ​ခါ​က​ငါ​သည်​အာ​ရုန်​အား ထင်​ရှား​ခဲ့​၏။-

28. ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-

29. သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-

30. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-

31. နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 2