ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 19:2-14 Common Language Bible (BCL)

2. ``အ​ကျွန်ုပ်​၏​ခ​မည်း​တော်​သည်​သင့်​အား သေ​ကြောင်း​ကြံ​လေ​ပြီ။ နက်​ဖြန်​နံ​နက်​၌ သတိ​နှင့်​ပုန်း​ရှောင်​၍​နေ​လော့။-

3. ငါ​သည်​သင်​ရှိ​ရာ​လယ်​ကွင်း​ထဲ​သို့​သွား​၍ ခ​မည်း တော်​အ​နီး​တွင်​ရပ်​လျက်​သင့်​အ​ကြောင်း​ကို​ပြော ပြ​မည်။ သူ့​ထံ​မှ​သ​တင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ ပါ​က သင့်​အား​ပြော​ကြား​ပါ​မည်'' ဟု​ဆို​၏။

4. ယော​န​သန်​သည်​ခ​မည်း​တော်​ရှော​လု​ထံ ဒါ​ဝိဒ် ၏​ဂုဏ်​ကို​ချီး​ကူး​ပြော​ဆို​၏။ ထို​နောက်``အ​ရှင်၊ အ​ရှင့်​အ​စေ​ခံ​ဒါ​ဝိဒ်​ကို​ပြစ်​မှား​တော်​မ​မူ ပါ​နှင့်။ သူ​သည်​အ​ရှင်​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြစ်​မှား​ခဲ့​ပါ။ သူ​ပြု​လေ​သ​မျှ​အ​မှု များ​အား​ဖြင့် အ​ရှင့်​အ​တွက်​အ​ထောက်​အ​ကူ များ​စွာ​ဖြစ်​စေ​ခဲ့​ပါ​၏။-

5. သူ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍​ဂေါ​လျတ်​ကို သတ်​ခဲ့​ပါ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောင်​ပွဲ ကြီး​တစ်​ရပ်​ကို​ခံ​စေ​တော်​မူ​ခဲ့​ပါ​၏။ ထို အ​ချင်း​အ​ရာ​ကို​အ​ရှင်​မြင်​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​သော် လည်း​အ​ရှင်​သည်​အ​ပြစ်​မ​ရှိ​သူ​တစ်​ယောက် အား အ​ဘယ်​ကြောင့်​ပြစ်​မှား​လို​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ဒါ​ဝိဒ်​ကို​အ​ကြောင်း​မဲ့​သတ် တော်​မူ​လို​ပါ​သ​နည်း'' ဟု​လျှောက်​၏။

6. ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။-

7. ထို့​ကြောင့်​ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​ခေါ်​၍ အ​လုံး​စုံ​ကို​ပြော​ကြား​ပြီး​လျှင် ရှော​လု​ထံ သို့​ခေါ်​ဆောင်​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​ယ​ခင် က​ကဲ့​သို့​ဘု​ရင်​၏​ထံ​တွင်​ခ​စား​လေ​၏။

8. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တစ်​ဖန်​စစ်​ဖြစ် ပြန်​၏။ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ပြင်း​ထန်​စွာ တိုက်​ခိုက်​နှိမ်​နင်း​လိုက်​သ​ဖြင့် သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။

9. တစ်​နေ့​သ​၌​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နတ် မိစ္ဆာ​သည်​ရှော​လု​အား​ပူး​ဝင်​လာ​၏။ ရှော​လု သည်​လှံ​တံ​တော်​ကို​ကိုင်​၍​နန်း​တော်​တွင် ထိုင်​လျက်​နေ​တော်​မူ​၏။ ဒါ​ဝိဒ်​ကား​စောင်း တီး​လျက်​နေ​၏။-

10. ရှောလု​သည်​မိ​မိ​၏​လှံ​တံ​တော်​ဖြင့်​ဒါ​ဝိဒ် အား​နံ​ရံ​တွင်​ကပ်​၍​နေ​အောင်​ထိုး​လိုက် သော်​လည်း ဒါ​ဝိဒ်​ရှောင်​တိမ်း​လိုက်​သ​ဖြင့် လှံ​တံ​သည်​နံ​ရံ​တွင်​စိုက်​လျက်​နေ​၏။ ဒါ​ဝိဒ် ထွက်​ပြေး​လွတ်​မြောက်​သွား​လေ​သည်။

11. ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-

12. ဒါ​ဝိဒ်​ကို​ပြူ​တင်း​ပေါက်​မှ​လျော​ချ​ပေး​လေ သည်။ ဒါ​ဝိဒ်​သည်​ထွက်​ပြေး​လွတ်​မြောက်​သွား ၏။-

13. ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-

14. ရှော​လု​၏​လူ​တို့​သည်​ဒါ​ဝိဒ်​အား​ဖမ်း​ဆီး ရန်​လာ​ကြ​သော​အ​ခါ မိ​ခါ​လ​က``ဒါ​ဝိဒ် ဖျား​နေ​ပါ​သည်'' ဟု​ဆို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 19