ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 19:15-23 Common Language Bible (BCL)

15. သို့​ရာ​တွင်​ရှော​လု​သည်​မိ​မိ​လူ​တို့​ကို​တစ် ဖန်​စေ​လွှတ်​လျက်``သင်​တို့​ကိုယ်​တိုင်​ဒါ​ဝိဒ်​ကို ဝင်​ကြည့်​ကြ​လော့။ သူ့​ကို​အိပ်​ရာ​နှင့်​တ​ကွ ယ​ခု​ပင်​ငါ့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​လော့။ သူ့​ကို​ငါ​ကိုယ်​တိုင်​သတ်​မည်'' ဟု​ဆို​၏။-

16. သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-

17. ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။

18. ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-

19. ရှော​လု​သည်​ရာ​မ​မြို့​အ​ပိုင်​နာ​ယုတ်​ရွာ​တွင် ဒါ​ဝိဒ်​ရှိ​နေ​ကြောင်း​သ​တင်း​ရ​သ​ဖြင့်၊-

20. သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-

21. ဤ​အ​ကြောင်း​ကို​ရှော​လု​ကြား​သော​အ​ခါ စေ​တ​မန်​များ​ကို​ထပ်​မံ​၍​လွှတ်​လိုက်​ပြန်​၏။ သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။ ရှော​လု သည်​တ​တိ​ယ​အ​ကြိမ်​စေ​တ​မန်​များ​ကို လွှတ်​လိုက်​သော​အ​ခါ​၌​လည်း ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ပြန်​လေ​သည်။-

22. ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​ကိုယ်​တိုင်​ရာ​မ မြို့​သို့​ထွက်​လာ​တော်​မူ​၏။ သူ​သည်​စေ​ခု​ရေ တွင်း​ကြီး​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ရှ​မွေ​လ နှင့်​ဒါ​ဝိဒ်​တို့​ရှိ​ရာ​အ​ရပ်​ကို​မေး​မြန်း​စုံ​စမ်း ရာ​နာ​ယုတ်​ရွာ​တွင်​ရှိ​နေ​ကြ​ကြောင်း​သိ​ရှိ တော်​မူ​၏။-

23. ထို​ရွာ​သို့​ခ​ရီး​ပြု​နေ​ခိုက်​သူ​၏​အ​ပေါ်​သို့ လည်း ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သက်​ရောက် တော်​မူ​၍ သူ​သည်​တစ်​လမ်း​လုံး​နာ​ယုတ်​ရွာ ရောက်​သည်​တိုင်​အောင်​က​ခုန်​အော်​ဟစ်​လျက် သွား​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 19