12. ဒါဝိဒ်ကိုပြူတင်းပေါက်မှလျောချပေးလေ သည်။ ဒါဝိဒ်သည်ထွက်ပြေးလွတ်မြောက်သွား ၏။-
13. ထိုနောက်မိခါလသည်အိမ်စောင့်နတ်ရုပ်ကို ယူပြီးလျှင် အိပ်ရာပေါ်မှာတင်၍ဆိတ်မွေး ခေါင်းအုံးတစ်လုံးနှင့်သိပ်ထား၏။ ထိုနောက် စောင်ခြုံပေးထား၏။-
14. ရှောလု၏လူတို့သည်ဒါဝိဒ်အားဖမ်းဆီး ရန်လာကြသောအခါ မိခါလက``ဒါဝိဒ် ဖျားနေပါသည်'' ဟုဆို၏။-
15. သို့ရာတွင်ရှောလုသည်မိမိလူတို့ကိုတစ် ဖန်စေလွှတ်လျက်``သင်တို့ကိုယ်တိုင်ဒါဝိဒ်ကို ဝင်ကြည့်ကြလော့။ သူ့ကိုအိပ်ရာနှင့်တကွ ယခုပင်ငါ့ထံသို့ယူဆောင်ခဲ့ကြလော့။ သူ့ကိုငါကိုယ်တိုင်သတ်မည်'' ဟုဆို၏။-
16. သူတို့သည်အိပ်ခန်းထဲသို့ဝင်ကြည့်ကြသော အခါ ဆိတ်မွေးခေါင်းအုံးနှင့်သိပ်ထားသော အိမ်စောင့်နတ်ရုပ်ကိုအိပ်ရာပေါ်တွင်တွေ့ရှိ ကြ၏။-
17. ရှောလုကမိခါလအား``သင်သည်အဘယ် ကြောင့်ငါ့အားဤသို့လှည့်စား၍ ငါ့ရန်သူ ကိုထွက်ပြေးစေပါသနည်း''ဟုမေးတော် မူလျှင်၊မိခါလက``သူ့အားလွတ်မြောက်အောင်မကူ ညီလျှင် ကျွန်မအားသတ်ပစ်မည်ဟုဆိုသော ကြောင့်ဖြစ်ပါသည်'' ဟုလျှောက်၏။
18. ဒါဝိဒ်သည်ယင်းသို့ထွက်ပြေးလွတ်မြောက်သွား ပြီးလျှင် ရာမမြို့ရှိရှမွေလထံသို့သွား၍ မိမိ အားရှောလုပြုသမျှသောအမှုတို့ကို ပြောပြ၏။ ထိုနောက်သူနှင့်ရှမွေလတို့သည် နာယုတ်ရွာသို့သွားရောက်နေထိုင်ကြ၏။-
19. ရှောလုသည်ရာမမြို့အပိုင်နာယုတ်ရွာတွင် ဒါဝိဒ်ရှိနေကြောင်းသတင်းရသဖြင့်၊-
20. သူ့ကိုဖမ်းဆီးရန်လူအချို့တို့ကိုစေလွှတ် တော်မူလိုက်၏။ သူတို့သည်ရှမွေလခေါင်း ဆောင်ကာ ကခုန်အော်ဟစ်နေကြသော ပရောဖက်တစ်စုကိုမြင်ကြ၏။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလု ၏လူတို့အပေါ်သို့သက်ရောက်သဖြင့် သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။-
21. ဤအကြောင်းကိုရှောလုကြားသောအခါ စေတမန်များကိုထပ်မံ၍လွှတ်လိုက်ပြန်၏။ သူတို့သည်လည်းကခုန်အော်ဟစ်ကြ၏။ ရှောလု သည်တတိယအကြိမ်စေတမန်များကို လွှတ်လိုက်သောအခါ၌လည်း ဤနည်း အတိုင်းပင်ဖြစ်ပျက်ပြန်လေသည်။-
22. ထိုအခါရှောလုသည်မိမိကိုယ်တိုင်ရာမ မြို့သို့ထွက်လာတော်မူ၏။ သူသည်စေခုရေ တွင်းကြီးသို့ရောက်ရှိလာသောအခါ ရှမွေလ နှင့်ဒါဝိဒ်တို့ရှိရာအရပ်ကိုမေးမြန်းစုံစမ်း ရာနာယုတ်ရွာတွင်ရှိနေကြကြောင်းသိရှိ တော်မူ၏။-
23. ထိုရွာသို့ခရီးပြုနေခိုက်သူ၏အပေါ်သို့ လည်း ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက် တော်မူ၍ သူသည်တစ်လမ်းလုံးနာယုတ်ရွာ ရောက်သည်တိုင်အောင်ကခုန်အော်ဟစ်လျက် သွားလေသည်။-
24. သူသည်မိမိ၏အဝတ်များကိုချွတ်၍ ရှမွေလ၏ရှေ့တွင်လည်းကခုန်အော်ဟစ် သည်။ ထို့နောက်ယင်းနေ့တစ်နေ့လုံးနှင့်တစ်ည လုံးအဝတ်အချည်းစည်းနှင့်လဲလျက်နေ သည်။ (ဤနည်းအားဖြင့်ရှောလုပင်လျှင် ပရောဖက်ဖြစ်လေပြီလော'' ဟူသောဆို ရိုးစကားဖြစ်ပေါ်၍လာသတည်း။)