ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 18:15-20 Common Language Bible (BCL)

15. ယင်း​သို့​အောင်​မြင်​သည်​ကို​မြင်​သော​အ​ခါ ရှော​လု​သည်​ဒါ​ဝိဒ်​အား​ပို​၍​ကြောက်​လန့် လာ​၏။-

16. သို့​ရာ​တွင်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နယ်​များ​မှ လူ​အ​ပေါင်း​တို့​က​မူ​ဒါ​ဝိဒ်​အား​ချစ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​တို့​အား အောင်​မြင်​စွာ​ခေါင်း​ဆောင်​၍​တိုက်​ပွဲ​ဝင်​နိုင်​သူ ဖြစ်​သော​ကြောင့်​တည်း။

17. ထို​နောက်​ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ခေါ်​ပြီး​လျှင်``ငါ့ မှာ​ငါ့​သ​မီး​ကြီး​မေ​ရပ်​ရှိ​၏။ သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​စစ်​ပွဲ​များ​တွင်​ရဲ​ရင့်​စွာ​ပါ​ဝင်​ဆင်​နွှဲ လျက် ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည်​ဆို ပါ​က ငါ​သည်​သင့်​အား​ဤ​သ​မီး​တော်​နှင့်​ထိမ်း မြား​ပေး​စား​မည်'' ဟု​ဆို​၏။ (ဤ​နည်း​အား​ဖြင့် ဒါ​ဝိဒ်​အား​မိ​မိ​ကိုယ်​တိုင်​သတ်​ရန်​မ​လို​တော့ ဘဲ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​ချက်​ဖြင့် ကျ​ဆုံး​စေ​ရန်​ရှော​လု​အ​ကောက်​ကြံ​သ​တည်း။)

18. ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-

19. သို့​သော်​အ​ချိန်​ရောက်​သော​အ​ခါ​ရှော​လု​သည် သ​မီး​တော်​မေ​ရပ်​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​မ​ပြု​ဘဲ မေ​ဟော​လ​သိ​မြို့​သား အ​ဒြေ​လ​နှင့်​စုံ​ဖက်​လိုက်​လေ​သည်။

20. သို့​ရာ​တွင်​ရှော​လု​၏​သ​မီး​တော်​မိ​ခါ​လ​သည် ဒါ​ဝိဒ်​အား​ချစ်​ကြိုက်​၏။ ဤ​အ​ကြောင်း​ကို​ရှော​လု သိ​သော​အ​ခါ​နှစ်​သက်​အား​ရ​တော်​မူ​သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 18