10. နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
11. ``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
12. ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။-
13. သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
14. ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
15. ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။-
16. သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
17. ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)
18. ဒါဝိဒ်က``အကျွန်ုပ်၏အမျိုးအနွယ်သည် အဘယ်သို့သောအမျိုးအနွယ်၊ အကျွန်ုပ် သည်လည်းအဘယ်သို့သောသူဖြစ်သဖြင့် ဘုရင်၏သမက်တော်ဖြစ်ထိုက်ပါသနည်း'' ဟုလျှောက်၏။-
19. သို့သော်အချိန်ရောက်သောအခါရှောလုသည် သမီးတော်မေရပ်အားဒါဝိဒ်နှင့်ထိမ်းမြား စုံဖက်ခြင်းမပြုဘဲ မေဟောလသိမြို့သား အဒြေလနှင့်စုံဖက်လိုက်လေသည်။
20. သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
21. ``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
22. သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။