ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 18:1-14 Common Language Bible (BCL)

1. ရှော​လု​နှင့်​ဒါ​ဝိဒ်​တို့​စ​ကား​ပြော​ပြီး​သည့် နောက်​ရှော​လု​၏​သား​ယော​န​သန်​သည် ဒါ​ဝိဒ် အ​ပေါ်​တွင်​လွန်​စွာ​ချစ်​ခင်​စွဲ​လန်း​လျက် သူ့​အား​မိ​မိ​ကိုယ်​နှင့်​အ​မျှ​ချစ်​လာ​၏။-

2. ရှော​လု​သည်​ဒါ​ဝိဒ်​အား​ထို​နေ့​မှ​စ​၍​အ​ပါး တော်​တွင်​နေ​စေ​တော်​မူ​၏။ အိမ်​ပြန်​ခွင့်​ကို​ပေး တော်​မ​မူ။-

3. ယော​န​သန်​သည်​ဒါ​ဝိဒ်​ကို​လွန်​စွာ​ချစ်​သ​ဖြင့် သူ​နှင့်​ရာ​သက်​ပန်​မိတ်​ဆွေ​ဖွဲ့​ရန်​ကျိန်​ဆို က​တိ​ပြု​လေ​သည်။-

4. သူ​သည်​မိ​မိ​ဝတ်​ဆင်​ထား​သည့်​ဝတ်​လုံ​နှင့် တ​ကွ​သံ​ချပ်​အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါး​စည်း​တို့ ကို​ဒါ​ဝိဒ်​အား​ပေး​၏။-

5. ဒါ​ဝိဒ်​သည်​ရှောလု​စေ​ခိုင်း​လေ​သ​မျှ​သော အ​မှု​ကိစ္စ​တို့​၌​အောင်​မြင်​သည်​သာ​ဖြစ်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သူ့​အား​တပ်​မ​တော် အ​ရာ​ရှိ​တစ်​ဦး​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​ကို​ရှော​လု​၏​အ​ရာ ရှိ​များ​နှင့်​ပြည်​သူ​ပြည်​သား​များ​က နှစ်​သက်​သ​ဘော​ကျ​ကြ​၏။

6. ဒါ​ဝိဒ်​သည်​ဂေါ​လျတ်​ကို​သတ်​ပြီး​နောက် စစ် သည်​တပ်​သား​များ​နှင့်​အ​တူ​အိမ်​ပြန်​လာ ရာ ရောက်​ရှိ​လေ​ရာ​မြို့​များ​မှ​အ​မျိုး​သ​မီး တို့​သည်​ရှော​လု​အား​ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ လူ​တို့​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​များ​ဆို ၍​က​ခုန်​လျက်​ပတ်​သာ​များ​နှင့်​စောင်း​ငယ် များ​ကို​တီး​ကြ​၏။-

7. ယင်း​သို့​အောင်​ပွဲ​ကျင်း​ပ​ရာ​၌​အ​မျိုး​သ​မီး တို့​က``ရှော​လု​သတ်​သူ​အ​ထောင်​ထောင်၊ ဒါ​ဝိဒ် သတ်​သူ​အ​သောင်း​သောင်း'' ဟု​သီ​ဆို​ကြ လေ​သည်။-

8. ရှော​လု​သည်​ဤ​သို့​သီ​ဆို​ကြ​သည်​ကို​မ​နှစ် သက်​သ​ဖြင့် အ​မျက်​ထွက်​၍``သူ​တို့​က​ဒါ​ဝိဒ် သည်​သောင်း​ပေါင်း​များ​စွာ​သတ်​၍ ငါ​မူ​ကား ထောင်​ပေါင်း​များ​စွာ​သာ​သတ်​ခဲ့​ကြောင်း​သီ ဆို​ချေ​သည်။ သူ့​အား​ထီး​နန်း​အပ်​နှင်း​ရန် သာ​ကျန်​ပါ​တော့​သည်​တ​ကား'' ဟု​ဆို ပြီး​လျှင်၊-

9. ထို​နေ့​မှ​စ​၍​ဒါ​ဝိဒ်​အား​မ​နာ​လို​စိတ်​ပွား များ​ကာ​မ​ယုံ​သင်္ကာ​ဖြစ်​၍​နေ​တော့​၏။

10. နောက်​တစ်​နေ့​၌​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ နတ်​မိစ္ဆာ​သည်​ရှော​လု​ကို​ပူး​ဝင်​သ​ဖြင့် သူ​သည် သူ​ရူး​သ​ဖွယ်​နန်း​တော်​တွင်း​ဝယ်​ဟစ်​အော် လျက်​နေ​၏။ ရှော​လု​သည်​လှံ​တန်​ကို​ကိုင် ထား​ပြီး​လျှင်၊-

11. ``ငါ​သည်​သူ့​အား​နံ​ရံ​နှင့်​ကပ်​နေ​အောင်​ထိုး သတ်​အံ့'' ဟု​ကြံ​စည်​ကာ​နှစ်​ကြိမ်​တိုင်​တိုင် လှံ​နှင့်​ပစ်​သော်​လည်း နှစ်​ကြိမ်​စ​လုံး​ပင်​ဒါ​ဝိဒ် ရှောင်​တိမ်း​လိုက်​နိုင်​၏။

12. ရှော​လု​သည်​ဒါ​ဝိဒ်​ကို​ကြောက်​၏။ အ​ဘယ်​ကြောင့် ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​၍ မိ​မိ​ကို​မူ​စွန့်​ပယ်​တော်​မူ​ပြီး​ဖြစ် သော​ကြောင့်​တည်း။-

13. သို့​ဖြစ်​၍​ရှော​လု​သည်​ဒါ​ဝိဒ်​အား​လူ​တစ် ထောင်​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​ထား​၍ အ​ပါး တော်​မှ​အ​ဝေး​သို့​စေ​လွှတ်​တော်​မူ​၏။ ဒါ​ဝိဒ် သည်​မိ​မိ​၏​တပ်​သား​တို့​နှင့်​အ​တူ​တိုက်​ပွဲ ဝင်​ရာ၊-

14. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် သူ​ပြု​လေ​သ​မျှ​သော​အ​မှု​တို့ သည်​အောင်​မြင်​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 18