ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 16:9-23 Common Language Bible (BCL)

9. ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။-

10. ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊-

11. ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။-

12. သို့​ဖြစ်​၍​ယေ​ရှဲ​သည်​ထို​သား​ကို​ခေါ်​စေ​၏။ သူ​သည်​တင့်​တယ်​လှ​ပ၊ ကျန်း​မာ​သန်​စွမ်း​သော လူ​ငယ်​လူ​ရွယ်​တစ်​ဦး​ဖြစ်​၏။ သူ​၏​မျက်​စိ များ​သည်​တောက်​ပ​ကြည်​လင်​၏။ ထာ​ဝ​ရ ဘု​ရား​က​ရှ​မွေ​လ​အား``ငါ​ရွေး​ချယ်​သူ ကား​ဤ​သူ​ပေ​တည်း။ သူ့​အား​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။-

13. ရှ​မွေ​လ​သည်​သံ​လွင်​ဆီ​ကို​ယူ​၍​ဒါဝိဒ်​အား သူ​၏​အစ်​ကို​များ​ရှေ့​တွင်​ဘိ​သိက်​ပေး​လေ သည်။ ထို​နေ့​မှ​အ​စ​ပြု​၍​ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​သို့​သက်​ရောက် တည်​နေ​တော်​မူ​၏။ ထို​နောက်​ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​ပြန်​လေ​၏။

14. ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ရှော​လု​ထံ မှ​ထွက်​ခွာ​သွား​တော်​မူ​၏။ ထို​အ​ခါ​သူ​သည် ကိုယ်​တော်​စေ​လွှတ်​လိုက်​သည့် နတ်​မိစ္ဆာ​၏​နှောင့် ယှက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​လေ​တော့​သည်။-

15. အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-

16. သို့​ဖြစ်​၍​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​အား​အ​မိန့်​ပေး​တော်​မူ​ပါ​လျှင် စောင်း​တီး​တတ် သူ​ကို​အ​ကျွန်ုပ်​တို့​ရှာ​ပါ​မည်။ သူ​သည်​နတ်​မိစ္ဆာ ဝင်​လာ​ချိန်​၌​စောင်း​ကို​တီး​သ​ဖြင့် အ​ရှင်​မင်း ကြီး​သည်​ပြန်​လည်​၍​အ​ကောင်း​ပ​က​တိ​ဖြစ် လာ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

17. ရှော​လု​က``သာ​ယာ​စွာ​စောင်း​တီး​တတ်​သူ​ကို ရှာ​၍​ငါ့​ထံ​သို့​ခေါ်​ခဲ့​လော့'' ဟု​အ​မိန့်​ပေး တော်​မူ​လျှင်၊-

18. အ​ပါး​တော်​တွင်​ခ​စား​နေ​သူ​တစ်​ဦး​က``ဗက်​လင် မြို့​သား​ယေ​ရှဲ​တွင် တူ​ရိ​ယာ​ကောင်း​စွာ​တီး​တတ် သူ​သား​တစ်​ယောက်​ရှိ​ပါ​၏။ သူ​သည်​ရဲစွမ်း​သတ္တိ ရှိ​သူ၊ အ​ဆင်း​လှ​သူ၊ စစ်​ရေး​တတ်​သူ၊ နှုတ်​သတ္တိ ရှိ​သူ​ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​ထား​၏။

19. ရှော​လု​သည်​ယေ​ရှဲ​ထံ​သို့​စေ​တ​မန်​များ လွှတ်​၍``သိုး​များ​ကို​ထိန်း​ကျောင်း​နေ​သူ​သင် ၏​သား​ဒါ​ဝိဒ်​အား​ငါ့​ထံ​သို့​စေ​လွှတ်​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။-

20. ယေ​ရှဲ​သည်​မုန့်​တင်​မြည်း​တစ်​စီး၊ စ​ပျစ်​ရည် အ​ပြည့်​ပါ​သော​သား​ရေ​ဘူး​တစ်​ဘူး​နှင့်​ဆိတ်​ငယ် တစ်​ကောင်​ကို ဒါ​ဝိဒ်​နှင့်​အ​တူ​ရှော​လု​မင်း​ထံ သို့​ပို့​ဆက်​လေ​၏။-

21. ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။-

22. ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။-

23. ထို​နေ့​မှ​အ​စ​ပြု​၍​ရှော​လု​ကို​ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​နတ်​မိစ္ဆာ​ဝင်​သည့်​အ​ခါ​တိုင်း ဒါ​ဝိဒ်​သည်​စောင်း​ကို​ယူ​၍​တီး​လေ့​ရှိ​၏။ ထို အ​ခါ​နတ်​မိစ္ဆာ​သည်​ထွက်​ခွာ​သွား​သ​ဖြင့် ရှော​လု​သည်​သက်​သာ​၍​တစ်​ဖန်​ကျန်း​မာ လာ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 16