ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 16:1-11 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``သင်​သည် အ​ဘယ်​မျှ​ကြာ​အောင်​ရှော​လု​အ​တွက်​ဝမ်း​နည်း နေ​ပါ​မည်​နည်း။ ငါ​သည်​သူ့​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ။ သံ​လွင်​ဆီ​ယူ ၍​ဗက်​လင်​မြို့​ရှိ​ယေ​ရှဲ​နာ​မည်​တွင်​သူ​လူ​တစ် ယောက်​ထံ​သို့​သွား​လော့။ ငါ​သည်​သူ​၏​သား တစ်​ယောက်​အား​ဘု​ရင်​အ​ဖြစ်​ရွေး​ချယ်​၏'' ဟု​မိန့်​တော်​မူ​၏။

2. ရှ​မွေ​လ​သည်``ဤ​အ​မှု​ကို​အ​ဘယ်​သို့​ပြု​နိုင် ပါ​မည်​နည်း။ ရှော​လု​ကြား​သိ​ပါ​က​အ​ကျွန်ုပ် အား​သတ်​ပစ်​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

3. ဘု​ရား​သ​ခင်​က``နွား​က​လေး​တစ်​ကောင်​ကို​ယူ ၍​သွား​ပြီး​လျှင် သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရန်​ရောက်​ရှိ​လာ​ကြောင်း​ပြော​ကြား လော့။ ယေ​ရှဲ​အား​ယဇ်​ပူ​ဇော်​ပွဲ​သို့​ဖိတ်​ခေါ် လော့။ သင်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ငါ​ပြော မည်။ ငါ​ဖော်​ပြ​သူ​အား​ရာ​ဇ​ဘိ​သိက်​ပေး လော့'' ဟု​မိန့်​တော်​မူ​၏။

4. ရှ​မွေ​လ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း ဆောင်​ရွက်​ပြီး​နောက်​ဗက်​လင်​မြို့​သို့ သွား​၏။ ထို​မြို့​မှ​ခေါင်း​ဆောင်​များ​သည်​တုန် လှုပ်​လျက်​ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်``ကိုယ် တော်​အေး​ချမ်း​စွာ​ကြွ​လာ​ပါ​သ​လော'' ဟု မေး​ကြ​၏။

5. ရှ​မွေ​လ​က``အေး​ချမ်း​စွာ​လာ​ခြင်း​ဖြစ်​ပါ သည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ ဇော်​ရန်​ရောက်​လာ​ခြင်း​ဖြစ်​၏။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ​၍​ငါ​နှင့်​အ​တူ လိုက်​ခဲ့​ကြ​လော့'' ဟု​ဆို​၏။ ယေ​ရှဲ​၏​သား များ​ကို​လည်း​မိ​မိ​တို့​ကိုယ်​ကို​သန့်​စင်​စေ ပြီး​လျှင် ယဇ်​ပူ​ဇော်​ရာ​သို့​လိုက်​လာ​ရန် ခေါ်​ဖိတ်​လေ​၏။

6. သူ​တို့​ရောက်​လာ​ကြ​သော​အ​ခါ​ရှ​မွေ​လ သည်​ယေ​ရှဲ​၏​သား​ဧ​လျာ​ဘ​ကို​မြင်​လျှင်``ဤ တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ရပ်​နေ သော​သူ​ကား​ကိုယ်​တော်​ရွေး​ချယ်​တော်​မူ သည့်​သူ​အ​မှန်​ပင်​ဖြစ်​ရာ​၏'' ဟု​တွေး တော​မိ​၏။-

7. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​၏ အ​ရပ်​အ​မောင်း​ကောင်း​မှု​နှင့်​တင့်​တယ် လှ​ပ​မှု​တို့​ကို​မ​ကြည့်​နှင့်။ ငါ​သည်​လူ​တို့ ကဲ့​သို့​အ​ကဲ​ဖြတ်​သည်​မ​ဟုတ်။ သို့​ဖြစ်​၍ သူ့​ကို​ငါ​ပယ်​ပြီ။ လူ​သည်​ပြင်​ပ​သဏ္ဌာန်​ကို ကြည့်​တတ်​၏။ ငါ​မူ​ကား​စိတ်​နှ​လုံး​ကို ကြည့်​၏'' ဟု​မိန့်​တော်​မူ​၏။

8. ထို​နောက်​ယေ​ရှဲ​သည်​မိ​မိ​သား​အ​ဘိ​န​ဒပ် ကို​ရှ​မွေ​လ​ထံ​သို့​ခေါ်​ခဲ့​၏။ သို့​ရာ​တွင် ရှ​မွေ​လ​က``သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မ​မူ'' ဟု​ဆို​၏။-

9. ယေ​ရှဲ​သည်​ရှိ​မာ​ကို​ခေါ်​လိုက်​၏။ ထို​အ​ခါ``ဤ သူ့​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မ​မူ'' ဟု​ရှ​မွေ​လ​ဆို​ပြန်​၏။-

10. ဤ​နည်း​အား​ဖြင့်​ယေ​ရှဲ​သည်​မိ​မိ​၏​သား ခု​နစ်​ယောက်​အ​ထိ​ရှ​မွေ​လ​ထံ​သို့​ခေါ်​ပေး လေ​သည်။ ရှ​မွေ​လ​က​လည်း``ဤ​သူ​တို့​အ​ထဲ မှ​မည်​သူ့​ကို​မျှ​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ် တော်​မ​မူ'' ဟု​ဆို​ပြီး​လျှင်၊-

11. ``သင့်​မှာ​အ​ခြား​သား​များ​ရှိ​ပါ​သေး​သ​လော'' ဟု​ယေ​ရှဲ​အား​မေး​၏။ယေ​ရှဲ​က``သား​အ​ငယ်​ဆုံး​ရှိ​ပါ​သေး​သည်။ သူ​သည်​သိုး​များ​ကို​ကျောင်း​လျက်​နေ​ပါ​၏'' ဟု​ဆို​၏။ရှ​မွေ​လ​က``သူ့​အား​ခေါ်​ခဲ့​လော့။ သူ​မ​ရောက် မ​ချင်း​ငါ​တို့​သည်​ယဇ်​ပူ​ဇော်​ပွဲ​ကို​ဝင်​ကြ မည်​မ​ဟုတ်'' ဟု​ပြော​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 16