ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 15:18-35 Common Language Bible (BCL)

18. ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-

19. သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။

20. ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-

21. သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။

22. ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-

23. ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

24. ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-

25. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။

26. ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။

27. ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-

28. ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။

30. ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-

31. ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။

32. ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည် အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။-

33. ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။

34. ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-

35. ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 15