16. ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။
17. ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။-
18. ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
19. သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
20. ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။-
21. သို့ရာတွင်အကျွန်ုပ်၏လူတို့သည်မိမိတို့ လက်ရအဆူဖြိုးဆုံးသိုးနွားများကိုမ သတ်ဘဲ အရှင်၏ဘုရားသခင်ထာဝရ ဘုရားအားယဇ်ပူဇော်ရန် ဤဂိလဂါလ မြို့သို့ယူဆောင်ခဲ့ကြပါ၏'' ဟုပြန်လည် ဖြေကြား၏။