ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 15:1-12 Common Language Bible (BCL)

1. ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-

2. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-

3. သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-

4. ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။-

5. ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။-

6. သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။

7. ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-

8. သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-

9. သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။

10-11. ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊-

12. နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 15