6. ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
7. လူငယ်က``အရှင်အလိုရှိရာပြုတော်မူ ပါ။ အကျွန်ုပ်သည်အရှင်နှင့်အတူလိုက် ပါမည်'' ဟုဆိုလျှင်၊
8. ယောနသန်က``ကောင်းပြီ။ ငါတို့သွား၍ ဖိလိတ္တိအမျိုးသားတို့အားကိုယ်ရိပ်ပြ ကြအံ့။-
9. အကယ်၍သူတို့ကငါတို့အားသူတို့ အလာကိုစောင့်ဆိုင်းစေပါမူ ငါတို့သည် ရောက်ရာနေရာတွင်ရပ်၍နေမည်။-
10. သို့ရာတွင်သူတို့ကမိမိတို့ထံသို့လာ ရန်ခေါ်ကြလျှင်မူကား ငါတို့သည်သူတို့ ရှိရာသို့သွားမည်။ ဤသို့ခေါ်ခြင်းသည် ငါတို့အောင်ပွဲရမည်ဖြစ်ကြောင်း ထာဝရ ဘုရားပေးတော်မူသောအမှတ်လက္ခဏာ ဖြစ်မည်'' ဟုဆို၏။
11. ထို့ကြောင့်သူတို့နှစ်ဦးသည်ဖိလိတ္တိအမျိုး သားတို့အားကိုယ်ရိပ်ပြကြ၏။ ဖိလိတ္တိ အမျိုးသားတို့က``ကြည့်လော့။ ဟေဗြဲအမျိုး သားအချို့တို့သည် မိမိတို့ပုန်းကွယ်ရာမြေ တွင်းများမှထွက်လာလေပြီ'' ဟုဆိုပြီး လျှင်၊-
12. ယောနသန်နှင့်သူငယ်အား``ဤအရပ်သို့ လာခဲ့လော့။ သင်တို့အားငါတို့ပြောစရာ ရှိသည်'' ဟုဟစ်အော်၍ဖိတ်ခေါ်ကြ၏။ယောနသန်သည်သူငယ်အား``ငါ့နောက်ကို လိုက်ခဲ့လော့။ ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား အောင်ပွဲကို ပေးတော်မူပြီ'' ဟုဆိုပြီးလျှင်၊-
13. တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
14. ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။-
15. စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။
16. ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-
17. ထို့အခါရှောလုကမိမိ၏လူတို့အား``တပ် တွင်းမှပျောက်နေသူကိုသိရှိနိုင်ရန်စစ် သည်တို့ကိုစစ်ဆေးကြည့်လော့'' ဟုအမိန့် ပေးသည်အတိုင်းစစ်ဆေးကြည့်ကြရာ ယောနသန်နှင့်သူ၏လက်နက်သယ်ဆောင် သူလူငယ်တို့မရှိကြောင်းတွေ့ရကြ၏။-
18. ရှောလုသည်ယဇ်ပုရောဟိတ်အဟိယ အား``သင်တိုင်းတော်ကို ဤနေရာသို့ယူခဲ့လော့'' ဟုဆို၏။ (ထို နေ့၌အဟိယသည်သင်တိုင်းတော်ကို ဣသရေလအမျိုးသားတို့၏ရှေ့မှသယ် ဆောင်လျက်ရှိသတည်း။-)
19. ဤသို့ယဇ်ပုရောဟိတ်အားရှောလုပြောဆို နေစဉ် ဖိလိတ္တိတပ်စခန်း၌ကစဥ့်ကရဲဖြစ် မှုသည်ပိုမိုဆိုးရွားလာသဖြင့်ရှောလု က``ထာဝရဘုရားအားလျှောက်ထားချိန် မရှိတော့ပြီ'' ဟုဆို၏။-
20. ထိုနောက်သူနှင့်သူ၏တပ်သားများသည် ရှုပ်ထွေးနေသည့်အခြေအနေတွင် အချင်း ချင်းခုတ်နေကြသောဖိလိတ္တိအမျိုးသား တို့အားဝင်ရောက်တိုက်ခိုက်လေသည်။-
21. ဖိလိတ္တိအမျိုးသားတို့ဘက်သို့ကူးပြောင်း ကာ သူတို့၏တပ်စခန်းသို့လိုက်သွားခဲ့ကြ သောဟေဗြဲအမျိုးသားတို့သည် ရှောလု နှင့်ယောနသန်တို့ဘက်သို့ဝင်ရောက်လာ ကြ၏။-