ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 14:45-52 Common Language Bible (BCL)

45. သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။

46. ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။

47. ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-

48. သူ​သည်​ရွပ်​ရွပ်​ချွံ​ချွံ​တိုက်​ပွဲ​များ​ဝင်​ခဲ့ သည်။ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​ပင် တိုက်​ခိုက်​နှိမ်​နင်း​ခဲ့​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​ကယ်​ဆယ်​ခဲ့​၏။

49. ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။-

50. သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။-

51. ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ​နှင့်​အာ​ဗ​နာ ၏​ဖ​ခင်​နေ​ရ​တို့​သည် အ​ဗျေ​လ​၏​သား​များ ဖြစ်​သ​တည်း။

52. ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 14