ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 14:39-48 Common Language Bible (BCL)

39. အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-

40. ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

41. ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက် မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-

42. ထို​အ​ခါ​ရှော​လု​က``ငါ့​သား​ယော​န​သန်​နှင့် ငါ့​အား​မဲ​ချ​ဦး​လော့'' ဟု​ဆို​လျှင်​ယော​န သန်​မဲ​ကျ​လေ​၏။-

43. ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊

44. ရှော​လု​က``ငါ​သည်​သင့်​အား​သေ​ဒဏ်​မ​ပေး ခဲ့​သော် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။

45. သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။

46. ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။

47. ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-

48. သူ​သည်​ရွပ်​ရွပ်​ချွံ​ချွံ​တိုက်​ပွဲ​များ​ဝင်​ခဲ့ သည်။ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​ပင် တိုက်​ခိုက်​နှိမ်​နင်း​ခဲ့​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​ကယ်​ဆယ်​ခဲ့​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 14