20. ထိုနောက်သူနှင့်သူ၏တပ်သားများသည် ရှုပ်ထွေးနေသည့်အခြေအနေတွင် အချင်း ချင်းခုတ်နေကြသောဖိလိတ္တိအမျိုးသား တို့အားဝင်ရောက်တိုက်ခိုက်လေသည်။-
21. ဖိလိတ္တိအမျိုးသားတို့ဘက်သို့ကူးပြောင်း ကာ သူတို့၏တပ်စခန်းသို့လိုက်သွားခဲ့ကြ သောဟေဗြဲအမျိုးသားတို့သည် ရှောလု နှင့်ယောနသန်တို့ဘက်သို့ဝင်ရောက်လာ ကြ၏။-
22. ဧဖရိမ်တောင်ကုန်းများတွင်ပုန်းအောင်းနေ ကြသောသူတို့သည် ဖိလိတ္တိအမျိုးသားတို့ ထွက်ပြေးကြကြောင်းကိုကြားလျှင်လိုက် လံတိုက်ခိုက်ကြ၏။-
23. ဣသရေလအမျိုးသားတို့သည်ဖိလိတ္တိ အမျိုးသားတို့အား ဗေသဝင်မြို့လွန်အောင် လိုက်လံတိုက်ခိုက်ကြ၏။ ထိုနေ့၌ထာဝရ ဘုရားသည်ဣသရေလအမျိုးသား တို့အားကယ်တင်တော်မူသတည်း။
24. ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
25. သူတို့သည်သစ်တောရှိရာသို့ရောက်ကြ သောအခါ နေရာအနှံ့အပြားတွင်ပျား ရည်များကိုတွေ့ရှိကြ၏။-
26. တောထဲတွင်ပျားရည်ပေါများသော်လည်း ရှောလု၏ကျိန်ဆဲချက်ကိုကြောက်သဖြင့် အဘယ်သူမျှမစားဝံ့။-
27. ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
28. ထို့ကြောင့်တပ်သားတစ်ယောက်က``အကျွန်ုပ် တို့အားလုံးပင်နွမ်းနယ်လျက်နေကြပါ၏။ သို့သော်အရှင့်ခမည်းတော်က`ယနေ့အစား အစာစားသူသည်ကျိန်စာသင့်ပါစေ' ဟု ကျိန်ဆိုထားပါ၏'' ဟုဆို၏။
29. ယောနသန်က``ငါတို့အမျိုးသားများအား ခမည်းတော်ပြုသောအမှုသည်ဆိုးရွားလှ ပါသည်တကား။ ပျားရည်အနည်းငယ်ကို စားရသဖြင့်ငါအဘယ်မျှလန်းဆန်းလာ သည်ကိုကြည့်လော့။-
30. အကယ်၍ငါတို့အမျိုးသားများသည် ရန်သူထံမှရရှိသည်အစားအစာကိုစား ခဲ့ရကြလျှင် အဘယ်မျှလောက်အကျိုးရှိ လိမ့်မည်နည်း။ ဖိလိတ္တိအမျိုးသားတို့ကို အဘယ်မျှပိုမိုသတ်ဖြတ်နိုင်ခဲ့မည်ကို သာစဉ်းစား၍ကြည့်ကြလော့'' ဟုပြန် ပြော၏။
31. ထိုနေ့၌ဣသရေလအမျိုးသားများသည် ဖိလိတ္တိအမျိုးသားတို့အား မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြပြီးသည်နောက် အစာမစား ရသဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြ၏။-
32. ထို့ကြောင့်သူတို့သည်ရန်သူများလက်မှ သိမ်းဆည်းရမိသည့်ပစ္စည်းများရှိရာသို့ ပြေးပြီးလျှင် သိုး၊ ဆိတ်၊ နွားများကိုယူ ဆောင်ကာထိုနေရာ၌ပင်သတ်၍သွေး သံရဲရဲနှင့်စားကြ၏။-