ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 14:1-2-7 Common Language Bible (BCL)

1-2. တစ်​နေ့​သ​၌​ယော​န​သန်​သည် မိ​မိ​၏​လက် နက်​ကို​သယ်​ဆောင်​သူ​လူ​ငယ်​အား``ဖိ​လိတ္တိ တပ်​စခန်း​သို့​ငါ​တို့​ဝင်​ရောက်​ကြ​အံ့'' ဟု ဆို​၏။ ယင်း​သို့​ဆို​သော်​လည်း​ဂိ​ဗာ​မြို့​နှင့် မ​လှမ်း​မ​ကမ်း​ရှိ​မိ​ဂြုန်​ရွာ၊ သ​လဲ​ပင်​အောက် တွင်​စ​ခန်း​ချ​လျက်​နေ​သော​ခ​မည်း​တော် ထံ​မှ​ခွင့်​ပန်​ခြင်း​မ​ပြု​ခဲ့။ မင်း​ကြီး​၏​ထံ တွင်​လူ​ခြောက်​ရာ​ခန့်​ရှိ​သ​တည်း။-

3. (သင်​တိုင်း​ကို​ဝတ်​ဆင်​သော​ယဇ်​ပု​ရော​ဟိတ် မှာ​အ​ဟိ​ယ​ဖြစ်​သည်။ သူ​၏​အ​ဖ​ကား ဣ​ခ​ဗုဒ်​၏​အစ်​ကို​အ​ဟိ​တုပ်​ဖြစ်​သည်။ အ​ဟိ​တုပ်​သည်​ဖိ​န​ဟတ်​၏​သား​ဖြစ်​၏။ ရှိ​လော​မြို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဧ​လိ​၏​မြေး​ဖြစ်​၏။) စစ်​သည်​တပ်​သား တို့​သည်​ယော​န​သန်​ထွက်​ခွာ​သွား​သည်​ကို မ​သိ​ကြ။

4-5. မိတ်​မတ်​တောင်​ကြား​လမ်း တစ်​ဘက်​တစ်​ချက် တွင် ကျောက်​အ​ငူ​ကြီး​တစ်​ခု​စီ​ရှိ​၏။ ကျောက် အ​ငူ​ကြီး​တစ်​ခု​မှာ​ဗော​ဇက်​ဟု​နာ​မည် တွင်​၏။ ယင်း​သည်​တောင်​ကြား​လမ်း​၏​မြောက် ဘက်​တွင်​တည်​ရှိ​၍ မိတ်​မတ်​မြို့​ကို​မျက်​နှာ မူ​လျက်​နေ​၏။ အ​ခြား​ကျောက်​အ​ငူ​ကြီး မှာ​သေ​နေ​ဟု​နာ​မည်​တွင်​၏။ ယင်း​သည်​တောင် ကြား​လမ်း​၏​တောင်​ဘက်​တွင်​တည်​ရှိ​၍ ဂိ​ဗာ မြို့​ကို​မျက်​နှာ​မူ​လျက်​နေ​၏။ ယော​န​သန် သည်​ဖိ​လိတ္တိ​တပ်​စ​ခန်း​သို့​ဝင်​ရာ​၌ ဤ တောင်​ကြား​လမ်း​ကို​ဖြတ်​သွား​ရ​၏။

6. ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။

7. လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 14