ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 13:1-2-10 Common Language Bible (BCL)

1-2. ရှော​လု​သည်​လူ​သုံး​ထောင်​ကို​ရွေး​ချယ်​ပြီး လျှင် နှစ်​ထောင်​ကို​မိ​မိ​နှင့်​အ​တူ​မိတ်​မတ်​မြို့​နှင့် ဗေ​သ​လ​တောင်​ကုန်း​ဒေ​သ​အ​တွက်​ခေါ်​ထား​၏။ တစ်​ထောင်​ကို​မိ​မိ​၏​သား​ယော​န​သန်​နှင့်​အ​တူ ဗင်္ယာ​မိန်​နယ်​ဂိ​ဗာ​မြို့​သို့​စေ​လွှတ်​လိုက်​၏။ အ​ခြား လူ​အ​ပေါင်း​တို့​ကို​မူ မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ပြန်​စေ​လေ​သည်။

3. ယော​န​သန်​သည် ဂေ​ဗာ​မြို့​ရှိ​ဖိ​လိတ္တိ​တပ်​မှူး ကို​သတ်​ဖြတ်​လိုက်​၏။ ထို​သ​တင်း​ကို​ဖိ​လိတ္တိ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​ကြ​၏။ ထို အ​ခါ​ရှော​လု​သည်​စေ​တ​မန်​များ​အား ဣ​သ ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့​လွှတ်​ကာ​ဟေ​ဗြဲ အ​မျိုး​သား​တို့​အား​စစ်​ပွဲ​ဝင်​ကြ​ရန်​တံ​ပိုး ခ​ရာ​မှုတ်​၍​စု​ရုံး​စေ​၏။-

4. ဖိ​လိတ္တိ​တပ်​မှူး​အား​ရှော​လု​သတ်​ဖြတ်​လိုက် ကြောင်း​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မုန်း​တီး ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကြား သိ​ရ​သ​ဖြင့် ရှော​လု​၏​ဆင့်​ဆို​ချက်​အ​တိုင်း ဂိ​လ​ဂါ​လ​မြို့​သို့​လာ​ရောက်​စု​ရုံး​ကြ​၏။

5. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​တိုက်​ခိုက်​ရန်​စု​ဝေး ကြ​၏။ သူ​တို့​မှာ​စစ်​ရ​ထား​သုံး​သောင်း၊ မြင်း စီး​သူ​ရဲ​ခြောက်​ထောင်​နှင့်​သ​မုဒ္ဒ​ရာ​သဲ​လုံး ကဲ့​သို့​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော စစ်​သည်​တပ်​သား​များ​ရှိ​သ​တည်း။ သူ​တို့ သည်​ချီ​တက်​၍​ဗေ​သ​ဝင်​မြို့​အ​ရှေ့​ဘက် ရှိ​မိတ်​မတ်​မြို့​တွင်​စ​ခန်း​ချ​ကြ​၏။-

6. ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-

7. အ​ချို့​တို့​က​မူ​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ကာ​ဂဒ်​နှင့်​ဂိ​လဒ်​နယ်​များ​သို့​ထွက်​ပြေး ကြ​၏။ရှော​လု​သည်​ဂိ​လ​ဂါ​လ​မြို့​တွင်​ပင်​ရှိ​နေ သေး​၏။ သူ​နှင့်​အ​တူ​ရှိ​သည့်​တပ်​သား​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​၏။-

8. ရှ​မွေ​လ​ညွှန်​ကြား​ခဲ့​သည်​အ​တိုင်း​ရှော​လု သည် ခု​နစ်​ရက်​တိုင်​တိုင်​စောင့်​ဆိုင်း​၍​နေ​ခဲ့ သော်​လည်း ရှ​မွေ​လ​ကား​ဂိ​လ​ဂါ​လ​မြို့ သို့​မ​ရောက်​လာ။ သူ​တို့​သည်​ရှော​လု​ထံ​မှ ထွက်​ပြေး​စ​ပြု​ကြ​ပြီ​ဖြစ်​၍၊-

9. ရှော​လု​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ ယဇ်​တို့​ကို မိ​မိ​ထံ​သို့​ယူ​ဆောင်​လာ​စေ​ရန် လူ​တို့​အား​စေ​ခိုင်း​ပြီး​လျှင်​မီး​ရှို့​ရာ​ယဇ် ကို​ပူ​ဇော်​လေ​သည်။-

10. ယင်း​သို့​ယဇ်​ပူ​ဇော်​၍​ပြီး​ခါ​နီး​၌​ရှ​မွေ​လ ရောက်​ရှိ​လာ​၏။ ရှော​လု​သည်​သူ့​ကို​သွား​ရောက် ကြို​ဆို​သော်​လည်း၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 13