ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 13:14-19 Common Language Bible (BCL)

14. ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။

15. ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။-

16. သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-

17. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊-

18. နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။

19. ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 13