ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 13:11-23 Common Language Bible (BCL)

11. ရှ​မွေ​လ​က``သင်​သည်​အ​ဘယ်​သို့​ပြု​သ​နည်း'' ဟု​မေး​၏။ရှော​လု​က``လူ​တို့​သည်​အ​ကျွန်ုပ်​ထံ​မှ​စွန့်​ခွာ ထွက်​ပြေး​လျက်​နေ​ကြ​ပါ​၏။ အ​ရှင်​သည်​ချိန်း သော​အ​ချိန်​၌​မ​ပေါ်​လာ​ပါ။ ထို့​အ​ပြင် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိတ်​မတ်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​နေ​ကြ​ပါ​၏။-

12. သို့​ဖြစ်​၍​သူ​တို့​သည်​အ​ကျွန်ုပ်​ရှိ​ရာ​ဂိ​လ ဂါ​လ​မြို့​သို့ ချီ​တက်​တိုက်​ခိုက်​ကြ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည်​လည်း​ထာ ဝ​ရ​ဘု​ရား​၏​ထံ​တော်​၌ အ​သ​နား​မ​ခံ ရ​သေး​ဟူ​၍​လည်း​ကောင်း​အ​ကျွန်ုပ်​တွေး​တော မိ​ပါ​၏။ ထို့​ကြောင့်​ယဇ်​ကို​မ​ပူ​ဇော်​လျှင် မ​ဖြစ်​တော့​သ​ဖြင့်​ပူ​ဇော်​ရ​ခြင်း​ဖြစ်​ပါ သည်'' ဟု​လျှောက်​၏။

13. ရှ​မွေ​လ​က``သင်​ပြု​သည့်​အ​မှု​သည်​မိုက်​မဲ သော​အ​မှု​ဖြစ်​၏။ သင်​သည်​မိ​မိ​၏​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​နား​မ​ထောင်။ အ​ကယ်​၍​နား​ထောင် ခဲ့​ပါ​လျှင်​ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ သင်​၏​သား​မြေး​တို့​အား​ဣ​သ​ရေ​လ​ပြည် ကို​ထာ​ဝ​စဉ်​အုပ်​စိုး​စေ​တော်​မူ​မည်။-

14. ယ​ခု​မှာ​မူ​သင်​သည်​နန်း​သက်​ရှည်​တော့ မည်​မ​ဟုတ်။ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​အ​မိန့် တော်​ကို​လွန်​ဆန်​သည်​ဖြစ်​၍ ကိုယ်​တော်​သည် မိ​မိ​လူ​မျိုးတော်​အား​အုပ်​စိုး​စေ​ရန်​စိတ် တော်​နှင့်​တွေ့​သူ​ကို​ခန့်​ထား​တော်​မူ​လိမ့် မည်'' ဟု​ဆို​၏။

15. ရှ​မွေ​လ​သည်​ဂိ​လ​ဂါ​လ​မြို့​မှ​ထွက်​ခွာ​၍ ဆက်​လက်​ခ​ရီး​ပြု​လေ​သည်။ ကျန်​ရစ်​သူ​တို့ သည်​ရှောလု​နှင့်​အ​တူ​သူ​၏​စစ်​သည်​တော်​များ ရှိ​ရာ​သို့​လိုက်​သွား​ကြ​၏။ သူ​တို့​သည်​ဂိ​လ ဂါ​လ​မြို့​မှ​ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​သို့​သွား ကြ​၏။ ရှော​လု​သည်​မိ​မိ​၏​တပ်​သား​အ​ရေ အ​တွက်​ကို​စစ်​ဆေး​ရာ​ခြောက်​ရာ​ခန့်​တွေ့ ရှိ​လေ​သည်။-

16. သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-

17. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကား မိတ်​မတ်​မြို့​တွင်​ရှိ​လေ​သည်။ ဖိ​လိတ္တိ​တပ်​သား တို့​သည်​တိုက်​ကင်း​သုံး​စု​ခွဲ​၍​တပ်​စ​ခန်း​မှ ထွက်​သွား​ကြ​၏။ တစ်​စု​သည်​ရွှာ​လ​နယ် သြ​ဖ​ရ​မြို့​ရှိ​ရာ​သို့​လည်း​ကောင်း၊-

18. နောက်​တစ်​စု​သည်​ဗေ​သော​ရုန်​မြို့​ရှိ​ရာ​သို့ လည်း​ကောင်း၊ ကျန်​တစ်​စု​ကား​ဇေဘိုင်​ချိုင့်​ဝှမ်း နှင့်​တော​ကန္တာ​ရ​ကို​မျက်​နှာ​မူ​လျက်​ရှိ​သော နယ်​စပ်​လမ်း​သို့​လည်း​ကောင်း​လိုက်​သွား​ကြ သည်။

19. ဟေ​ဗြဲ​အ​မျိုး​သား​တို့​ဋ္ဌား​လှံ​လက်​နက်​များ ပြု​လုပ်​ခြင်း​ကို​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က ပိတ်​ပင်​တား​မြစ်​သ​ဖြင့် ဣ​သ​ရေ​လ​ပြည် တွင်​ယ​နေ့​တိုင်​အောင်​ပန်း​ပဲ​ဆ​ရာ​များ မ​ရှိ​ချေ။-

20. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထွန်​သွား၊ ပေါက်​တူး၊ ပု​ဆိန်၊ တံ​စဉ်​စ​သည်​တို့​ကို​သွေး ရန်​အ​တွက်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ထံ​သို့ သွား​ရ​ကြ​၏။-

21. ပု​ဆိန်​သွေး​ခ​နှင့်​လှံ​တံ​တပ်​ခ​မှာ​ငွေ သုံး​ပဲ​သား​ဖြစ်​၍ ထွန်​သွား​နှင့်​ပေါက်​တူး သွေး​ခ​မှာ​ငွေ​သုံး​မူး​သား​ဖြစ်​၏။-

22. ထို့​ကြောင့်​စစ်​ပွဲ​ဝင်​ရ​သော​နေ့​၌​ရှော​လု​နှင့် သား​တော်​ယော​န​သန်​မှ​လွဲ​၍ အ​ခြား​ဣ​သ ရေ​လ​စစ်​သည်​တော်​တို့​တွင်​ဋ္ဌား​လှံ​လက် နက်​များ​မ​ရှိ​ကြ။

23. ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စစ်​သည်​တပ်​သား တစ်​စု​ကို​စေ​လွှတ်​၍ မိတ်​မတ်​တောင်​ကြား​လမ်း ကို​ကာ​ကွယ်​စေ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 13