ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 11:4-11 Common Language Bible (BCL)

4. စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-

5. ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-

6. ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-

7. နွား​နှစ်​ကောင်​ကို​ယူ​၍​အပိုင်း​ပိုင်း​ခုတ်​ဖြတ် လျက် စေ​တ​မန်​တို့​အား​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​ယူ​ဆောင်​သွား​စေ​ပြီး လျှင်``စစ်​ပွဲ​ဝင်​ရန်​ရှော​လု​နှင့်​ရှ​မွေ​လ​တို့ နောက်​သို့​မ​လိုက်​သူ​မှန်​သ​မျှ​၏​နွား​များ သည် ဤ​နည်း​အ​တိုင်း​ခုတ်​ဖြတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​သ​တိ​ပေး​စေ​၏။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​သ​ဖြင့် တ​ညီ​တ​ညွတ် တည်း​ထွက်​လာ​ကြ​၏။-

8. ရှော​လု​သည်​သူ​တို့​အား​ဗေ​ဇက်​မြို့​တွင် စု​ရုံး​စေ​ရာ ဣ​သ​ရေ​လ​ပြည်​မှ​လူ​သုံး သိန်း​နှင့်​ယု​ဒ​ပြည်​မှ​လူ​သုံး​သောင်း​ရ​ရှိ သ​တည်း။-

9. ထို​သူ​တို့​က​ယာ​ဗက်​မြို့​မှ​လာ​သော​စေ တ​မန်​တို့​အား``ငါ​တို့​သည်​နက်​ဖြန်​မွန်း မ​တည့်​မီ​သင်​တို့​မြို့​သား​များ​အား​ကယ် ဆယ်​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ပြော​ကြား ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ထို​သ​တင်း ကို​ရ​သော​အ​ခါ​ယာ​ဗက်​မြို့​သား​တို့​သည် အ​တိုင်း​ထက်​အ​လွန်​ဝမ်း​မြောက်​ကြ​ကုန်​၏။-

10. သူ​တို့​သည်​နာ​ဟတ်​အား``အ​ကျွန်ုပ်​တို့​သည် အ​ရှင့်​ထံ​တွင် နက်​ဖြန်​အ​ညံ့​ခံ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​ပြု​လို​ရာ​ပြု​နိုင် ပါ​သည်'' ဟု​လျှောက်​ကြ​၏။

11. နောက်​တစ်​နေ့​နံ​နက်​၌​ရှော​လု​သည်​မိ​မိ ၏​လူ​တို့​ကို​သုံး​တပ်​ခွဲ​ပြီး​လျှင် အ​ရုဏ် တက်​ချိန်​၌ ရန်​သူ​တပ်​စ​ခန်း​ကို​အ​တင်း ဝင်​၍​တိုက်​ခိုက်​ရာ​မွန်း​တည့်​ချိန်​ရောက်​သော် အမ္မုန်​အ​မျိုး​သား​တို့​ကျ​ဆုံး​ကြ​ကုန်​၏။ မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​တို့​သည်​လည်း တ​ကွဲ​တ​ပြား​ကိုယ်​လွတ်​ရုန်း​၍​ထွက်​ပြေး ကြ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 11