ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 11:3-6 Common Language Bible (BCL)

3. ယာ​ဗက်​မြို့​သား​ခေါင်း​ဆောင်​များ​က``ဣ​သ​ရေ​လ ပြည်​တစ်​လျှောက်​လုံး​သို့​တ​မန်​များ​စေ​လွှတ်​၍ သ​တင်း​ပေး​ပို့​နိုင်​ရန်​အ​ကျွန်ုပ်​တို့​အား​ခု​နစ် ရက်​မျှ​အ​ခွင့်​ပေး​ပါ။ အ​ကယ်​၍​အ​ကျွန်ုပ်​တို့ အား​ကူ​မ​မည့်​သူ​မ​ရှိ​ပါ​က​အ​ရှင့်​ထံ​တွင် အ​ညံ့​ခံ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

4. စေ​တ​မန်​တို့​သည်​ရှော​လု​နေ​ထိုင်​ရာ​ဂိ​ဗာ မြို့​သို့​ရောက်​ရှိ​လာ​လျက် ထို​သ​တင်း​ကို​ပြော ကြား​ကြ​သော​အ​ခါ လူ​တို့​သည်​စိတ်​ပျက် အား​လျော့​လျက်​ငို​ကြွေး​ကြ​ကုန်​၏။-

5. ထို​အ​ချိန်​၌​ရှော​လု​သည်​မိ​မိ​၏​နွား​များ နှင့်​အ​တူ လယ်​တော​မှ​ပြန်​လည်​ရောက်​ရှိ​လာ ကာ``အ​ကြောင်း​ကား​အ​ဘယ်​သို့​နည်း။ လူ အ​ပေါင်း​တို့​သည်​အ​ဘယ်​ကြောင့်​ငို​ကြွေး နေ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ လူ​တို့​သည် ယာ​ဗက်​မြို့​မှ​စေ​တ​မန်​တို့​ယူ​ဆောင်​လာ သော​သ​တင်း​ကို​သူ့​အား​ပြော​ကြား​ကြ​၏။-

6. ထို​သ​တင်း​ကို​ရှော​လု​ကြား​ရ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် သူ ၏​အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​သ​ဖြင့် သူ​သည်​ပြင်း​စွာ​အ​မျက်​ထွက်​ကာ၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 11