ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 10:15-27 Common Language Bible (BCL)

15. ``သူ​သည်​သင်​တို့​အား အ​ဘယ်​သို့​ပြော လိုက်​ပါ​သ​နည်း'' ဟု​ဦး​လေး​က​မေး ပြန်​သော်၊

16. ရှော​လု​က``မြည်း​များ​ကို​ပြန်​၍​တွေ့​ပြီ ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​အား​ပြော​ကြား လိုက်​ပါ​သည်'' ဟု​ဆို​၏။ သို့​ရာ​တွင်​ရှ​မွေ​လ မိန့်​မြွက်​သည့်​နိုင်​ငံ​ရေး​အ​ကြောင်း​ကို​မူ ဦး​လေး​အား​မ​ပြော​ဘဲ​နေ​၏။

17. ရှ​မွေ​လ​သည်​လူ​တို့​အား​မိ​ဇ​ပါ​မြို့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်​ယူ​စု​ရုံး စေ​ပြီး​လျှင်၊-

18. ဤ​သို့​ဆို​၏။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​၍ သင်​တို့ အား​နှိပ်​စက်​က​လူ​ပြု​သော​အီ​ဂျစ်​အ​မျိုး သား​များ​နှင့်​အ​ခြား​အ​မျိုး​သား​အ​ပေါင်း တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့​သည်။-

19. ငါ​သည်​သင်​တို့​၏​ဘု​ရား၊ ဆင်း​ရဲ​ဒုက္ခ​များ နှင့်​အ​ခက်​အ​ခဲ​များ​မှ​သင်​တို့​ကို​ကယ် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သို့​ရာ တွင်​သင်​တို့​သည်​ငါ့​ကို​ပစ်​ပယ်​ကာ​ငါ​၏ ထံ​မှ​ဘု​ရင်​ကို​တောင်း​ခံ​ခဲ့​ကြ​၏။ ကောင်း ပြီ။ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​အ​နွယ်​အ​လိုက်၊ သား​ချင်း​စု​အ​လိုက် စု​ရုံး​ကြ​လော့' ဟု​မိန့်​တော်​မူ​သည်။''

20. ထို​နောက်​ရှ​မွေ​လ​သည်​အ​နွယ်​တို့​ကို​တစ် စု​ပြီး​တစ်​စု ရှေ့​သို့​လာ​ရောက်​စေ​ပြီး​လျှင် မဲ​ချ​၍ ဗင်္ယာ​မိန်​အ​နွယ်​ကို​ရွေး​ချယ်​၏။-

21. ထို​နောက်​ရှ​မွေ​လ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အိမ်​ထောင်​စု​များ​ကို ရှေ့​သို့​လာ​ရောက်​စေ သော​အ​ခါ​မာ​တ​ရိ​အိမ်​ထောင်​စု​သည် အ​ရွေး​ခံ​ရ​၏။ ထို​နောက်​မာ​တ​ရိ​အိမ်​ထောင် စု​မှ​အ​မျိုး​သား​တို့​သည်​ရှေ့​သို့​ထွက်​၍ လာ​ကြ​လျှင် ကိ​ရှ​၏​သား​ရှော​လု​သည် အ​ရွေး​ခံ​ရ​၏။ သို့​ရာ​တွင်​သူ့​ကို​ရှာ​၍ မ​တွေ့​ကြ​သော​အ​ခါ၊-

22. လူ​တို့​သည်``ရှော​လု​အ​ပြင်​အ​ခြား​သူ​တစ်​စုံ တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု​ထာ​ဝ​ရ ဘု​ရား​အား​မေး​လျှောက်​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​သည်​ကုန်​ထုပ် များ​၏​နောက်​တွင်​ပုန်း​ကွယ်​လျက်​ရှိ​သည်'' ဟု​မိန့်​တော်​မူ​၏။

23. သို့​ဖြစ်​၍​သူ​တို့​သည်​ပြေး​၍​ရှော​လု​ကို လူ​တို့​ရှေ့​သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ သူ​သည် အ​ခြား​သူ​အ​ပေါင်း​တို့​ထက်​အ​ရပ်​တစ် ပေ​မျှ​ပို​၍​မြင့်​သည်​ကို​တွေ့​မြင်​ရ​ကြ​၏။-

24. ရှ​မွေ​လ​က​လူ​တို့​အား``ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကား​ဤ​သူ​တည်း။ ငါ​တို့​တွင်​သူ​နှင့်​တူ​သူ​တစ်​ယောက်​မျှ မ​ရှိ'' ဟု​ဆို​၏။လူ​အ​ပေါင်း​တို့​သည်​လည်း``အ​ရှင်​မင်း​ကြီး သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ကြွေး​ကြော် ကြ​၏။

25. ရှ​မွေ​လ​သည်​မင်း​ကျင့်​တ​ရား​များ​နှင့် ဘု​ရင့် ရ​ပိုင်​ခွင့်​များ​ကို လူ​တို့​အား​ရှင်း​လင်း​ဖော် ပြ​၏။ ထို​နောက်​ထို​အ​ရာ​များ​ကို​စာ​အုပ် တွင်​ရေး​မှတ်​ကာ သန့်​ရှင်း​ရာ​ဌာ​န​တွင်​သိမ်း ဆည်း​ထား​၏။ ထို​နောက်​သူ​သည်​လူ​တို့​အား မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့​ပြန်​စေ​၏။-

26. ရှော​လု​သည်​လည်း​ဂိ​ဗာ​မြို့​နေ​အိမ်​သို့​ပြန် လေ​သည်။ သူ​ရဲ​ကောင်း​အ​ချို့​တို့​၏​စိတ်​ကို ဘု​ရား​သ​ခင်​ပြု​ပြင်​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ရှော​လု​နှင့်​အ​တူ​လိုက်​သွား​ကြ​၏။-

27. သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 10