ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ရာ 1:1-8 Common Language Bible (BCL)

1. ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​ရှိ​ရာ​မ​မြို့​တွင် ဧ​လ​ကာ​န​ဟု​နာ​မည်​တွင်​သော​လူ​တစ် ယောက်​ရှိ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​ဖြစ် ၍​အ​ဖ​မှာ​ယေ​ရော​ဟံ၊ အ​ဖိုး​ကား​ဧ​လိ ဖြစ်​၏။ သူ​သည်​ဇု​ဖ​သား​ချင်း​စု၊ တော​ဟူ အိမ်​ထောင်​စု​ဝင်​ဖြစ်​သ​တည်း။-

2. ဧ​လ​ကာ​န​တွင်​ဟန္န​နှင့်​ပေ​နိန္န​ဟူ​သော​မ​ယား နှစ်​ယောက်​ရှိ​၏။ ပေ​နိန္န​တွင်​သား​သ​မီး​များ​ရှိ ၍​ဟန္န​မှာ​မ​ရှိ​ချေ။-

3. ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-

4. ဧ​လ​ကာ​န​သည်​ယဇ်​ပူ​ဇော်​သည့်​အ​ခါ ပေ​နိန္န နှင့်​သား​သ​မီး​တို့​အား​ဝေ​စု​တစ်​စု​စီ​ခွဲ​ဝေ ပေး​၏။-

5. ဟန္န​ကို​မူ​အ​ထူး​ဝေ​စု​ပေး​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ဟန္န​အား​သား​သ​မီး​မွေး​ဖွား​ခွင့်​ကို​ပေး တော်​မ​မူ​သော်​လည်း ဧ​လ​ကာ​န​သည်​ဟန္န အား​လွန်​စွာ​ချစ်​မြတ်​နိုး​လေ​သည်။-

6. ဟန္န​တွင်​သား​သ​မီး​မ​ရ​သ​ဖြင့်​သူ​၏​ပြိုင် ဘက်​ဖြစ်​သူ ပေ​နိန္န​သည်​ဟန္န​အား​ရှုတ်​ချ​ကာ စိတ်​ဒုက္ခ​ပေး​လေ့​ရှိ​၏။-

7. ဤ​အ​တိုင်း​တစ်​နှစ်​ပြီး​တစ်​နှစ်​လွန်​ခဲ့​၏။ သူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့​သွား​ရောက် သည့်​အ​ခါ​တိုင်း ပေ​နိန္န​သည်​ဟန္န​အား​စိတ်​ဒုက္ခ ရောက်​စေ​သ​ဖြင့် ဟန္န​သည်​အ​ဘယ်​အ​စား​အ​စာ ကို​မျှ​မ​စား​ဘဲ​ငို​၍​သာ​နေ​တတ်​၏။-

8. သူ​၏​ခင်​ပွန်း​ဧ​လ​ကာ​န​က``ဟန္န၊ သင်​သည် အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​အ​စား​အ​စာ​မ​စား​သောက်​ဘဲ​နေ​ပါ သ​နည်း။ အ​ဘယ်​ကြောင့်​အ​စဉ်​ပင်​စိတ်​မ​ချမ်း​မ သာ​ဖြစ်​၍​နေ​ပါ​သ​နည်း။ ငါ​သည်​သင်​၏​အ​ဖို့ သား​တစ်​ကျိပ်​ထက်​အ​ဖိုး​ထိုက်​သည်​မ​ဟုတ်​ပါ လော'' ဟု​မေး​လေ့​ရှိ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ရာ 1