ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 9:6-26 Common Language Bible (BCL)

6. မြို့​တော်​ရှု​ရှန်​၌​ပင်​လျှင်​ယု​ဒ​အ​မျိုး​သား တို့​သည် လူ​ပေါင်း​ငါး​ရာ​ကို​သတ်​လိုက်​ကြ လေ​သည်။-

7-10. ထို​သူ​တို့​အ​ထဲ​တွင်​ယု​ဒ​အ​မျိုး​သား​တို့ ၏​ရန်​သူ၊ ဟမ္မေ​ဒါ​သ​၏​သား​ဟာ​မန်​၏​သား တစ်​ကျိပ်​ဖြစ်​ကြ​သော​ပါ​ရှန္ဒာ​သ၊ ဒါ​လ​ဖုန်၊ အာ​သ​ပါ​သ၊ ပေါ​ရ​သ၊ အာ​ဒ​လိ၊ အာ​ရိ ဒါ​သ၊ ပါ​မ​ရှာ​တ၊ အ​ရိ​သဲ၊ အ​ရိ​ဒဲ၊ ဝါ​အီ ဇာ​သ​တို့​လည်း​ပါ​ကြ​၏။ သို့​ရာ​တွင်​သူ တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။

11. ထို​နေ့​၌​ရှု​ရှန်​မြို့​တွင်​အ​သတ်​ခံ​ရ​သည့် လူ​ဦး​ရေ​ကို မင်း​ကြီး​အား​သံ​တော်​ဦး တင်​ကြ​၏။-

12. ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-

14. မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-

15. အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။

16. ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။-

17. ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

18. ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-

19. တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

20. မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

21. နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-

22. ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-

23. ယု​ဒ​အ​မျိုး​သား​တို့​သည်​မော်ဒကဲ​၏​ညွှန် ကြား​ချက်​များ​ကို​လိုက်​နာ​ကြ​သ​ဖြင့် ထို ပွဲ​တော်​ကို​နှစ်​စဉ်​နှစ်​တိုင်း​ကျင်း​ပ​သည့် ဋ္ဌ​လေ့​ထုံး​စံ​ဖြစ်​လာ​သည်။

24. အာ​ဂတ်​မှ​ဆင်း​သက်​သူ​ဟ​မ္မေဒါ​သ​၏​သား ဟာမန်​သည်​ပု​ရ​ဟု​ခေါ်​သည့်​မဲ​စ​နစ်​ဖြင့် ယု​ဒ အ​မျိုး​သား​တို့​အား​သတ်​ဖြတ်​ရန်​နေ့​ရက် ကို​ရွေး​ချယ်​ခဲ့​၏။ သူ​တို့​တစ်​မျိုး​လုံး​ကို သုတ်​သင်​ပယ်​ရှင်း​ရန်​ကြံ​စည်​ခဲ့​၏။-

25. သို့​ရာ​တွင်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရောက်​လျှောက်​ထား​ရာ​မင်း​ကြီး​သည် ကြေ​ညာ​ချက်​ထုတ်​ပြန်​တော်​မူ​သ​ဖြင့် ဟာ​မန် သည်​ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ကြံ​စည် ခဲ့​သည့်​ဘေး​ဆိုး​ကို​မိ​မိ​ပင်​ကြုံ​တွေ့​ရ​လေ ၏။ သူ​နှင့်​သူ​၏​သား​တစ်​ကျိပ်​သည်​လည်​ဆွဲ တိုင်​၌​ကွပ်​မျက်​ခြင်း​ခံ​ရ​ကြ​၏။-

26. ထို့​ကြောင့်​ထို​ပွဲ​နေ့​များ​ကို​မဲ​ဟု​အ​နက် အ​ဋ္ဌိပ္ပါယ်​ရ​သည့်​ပု​ရ​ဟူ​သော​ပုဒ်​ကို​အ​စွဲ ပြု​၍ ပု​ရ​ပွဲ​တော်​ဟု​ခေါ်​ဆို​ကြ​လေ​သည်။ မော်​ဒ​ကဲ​ပေး​ပို့​လိုက်​သည့်​စာ​ကြောင့်​လည်း ကောင်း၊ ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကြောင့်​လည်း​ကောင်း၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 9