ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 9:26-32 Common Language Bible (BCL)

26. ထို့​ကြောင့်​ထို​ပွဲ​နေ့​များ​ကို​မဲ​ဟု​အ​နက် အ​ဋ္ဌိပ္ပါယ်​ရ​သည့်​ပု​ရ​ဟူ​သော​ပုဒ်​ကို​အ​စွဲ ပြု​၍ ပု​ရ​ပွဲ​တော်​ဟု​ခေါ်​ဆို​ကြ​လေ​သည်။ မော်​ဒ​ကဲ​ပေး​ပို့​လိုက်​သည့်​စာ​ကြောင့်​လည်း ကောင်း၊ ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကြောင့်​လည်း​ကောင်း၊-

27. ယု​ဒ​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ကိုယ် တိုင်​သာ​မ​က သား​မြေး​များ​နှင့်​ယု​ဒ​ဘာ​သာ သို့​ကူး​ပြောင်း​လာ​သူ​များ​အ​တွက် ထုံး​တမ်း​စဉ် လာ​တစ်​ရပ်​အ​နေ​ဖြင့်​နှစ်​စဉ်​နှစ်​တိုင်း​အ​ချိန် ကျ​သော​အ​ခါ ဆို​ခဲ့​သော​နှစ်​ရက်​ကို​မော်​ဒ​ကဲ ၏​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ရန် သော်​လည်း​ကောင်း၊-

28. ပြည်​နယ်​အ​သီး​သီး​နှင့်​မြို့​အ​သီး​သီး​တို့ တွင်​ယု​ဒ​အိမ်​ထောင်​စု​မှန်​သ​မျှ​သည် ထို​ပု​ရ ပွဲ​တော်​ကို​သား​စဉ်​မြေး​ဆက်​သ​တိ​ရ​ကျင်း ပ​ရန်​လည်း​ကောင်း​ဆုံး​ဖြတ်​ကြ​၏။

29. ထို​နောက်​အ​ဘိ​ဟဲ​လ​၏​သ​မီး​မိ​ဖု​ရား ဧ​သ​တာ​နှင့်​မော်​ဒ​ကဲ​တို့​သည် ပု​ရ​ပွဲ​တော် နှင့်​ပတ်​သက်​၍​မော်​ဒ​ကဲ​ရေး​သား​ပေး​ပို့​ခဲ့ သည့်​စာ​ကို​ဧ​သ​တာ​၏​အာ​ဏာ​ဖြင့်​အ​တည် ပြု​ရန်​စာ​ရေး​ကြ​၏။-

30. ထို​စာ​မိတ္တူ​ကို​ပေ​ရ​သိ​အင်​ပါ​ယာ​နိုင်​ငံ တော်​အ​တွင်း​တစ်​ရာ့​နှစ်​ဆယ်​ခု​နစ်​ပြည်​နယ် များ​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ထံ ပေး​ပို့​လေ​သည်။ ထို​စာ​တွင်​ယု​ဒ​အ​မျိုး သား​တို့​အား​ဘေး​ရန်​ကင်း​၍​အေး​ချမ်း စေ​ကြောင်း​ဆု​မွန်​တောင်း​ပြီး​နောက်၊-

31. အ​ချိန်​ကျ​ရောက်​သော​အ​ခါ​မိ​မိ​တို့ သ​ဘော​တူ​ပြ​ဋ္ဌာန်း​ခဲ့​သည်​နှင့်​အ​ညီ သူ တို့​နှင့်​သူ​တို့​၏​သား​မြေး​များ​သည်​အ​စာ ရှောင်​ခြင်း၊ ဝမ်း​နည်း​မြည်​တမ်း​ခြင်း​တို့​ကို ပြု​သည့်​ပြင်​ပု​ရ​နေ့​များ​ကို​စောင့်​ရန်​ညွှန် ကြား​လေ​သည်။ ဤ​ညွှန်​ကြား​ချက်​သည် မိ​ဖု​ရား​ဧ​သ​တာ​နှင့်​ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​တို့​အ​မိန့်​ထုတ်​ပြန်​ချက်​ဖြစ် သည်။-

32. ပု​ရ​ပွဲ​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို ဧ​သ​တာ​၏​အ​မိန့်​အ​ရ​အ​တည်​ပြု​၍ စာ​လိပ်​တွင်​ရေး​သား​ထား​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 9