ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 9:16-21 Common Language Bible (BCL)

16. ပြည်​နယ်​များ​တွင်​နေ​ထိုင်​သော​ယု​ဒ​အ​မျိုး သား​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​ကို​အ​သက် ဘေး​မှ​ကာ​ကွယ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ အား​မုန်း​ထား​သူ​လူ​ပေါင်း​ခု​နစ်​ထောင့်​ငါး ရာ​ကို​သတ်​ဖြတ်​ခြင်း​အား​ဖြင့် ရန်​သူ​များ ကို​သုတ်​သင်​ပယ်​ရှင်း​ကြ​လေ​သည်။ သို့​ရာ တွင်​လု​ယက်​မှု​ကို​မူ​မ​ပြု​ကြ။-

17. ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

18. ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-

19. တံ​တိုင်း​မ​ရှိ​သည့်​မြို့​ငယ်​များ​တွင်​နေ​ထိုင် ကြ​သည့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အာ​ဒါ လ​ဆယ့်​လေး​ရက်​နေ့​ကို​ပျော်​ရွှင်​ရာ​မင်္ဂ​လာ နေ့၊ အ​ချင်း​ချင်း​အ​စား​အ​စာ​လက်​ဆောင် များ​ပေး​ကမ်း​ရာ​နေ့​အ​ဖြစ်​ကျင်း​ပ​ကြ သ​တည်း။

20. မော်​ဒ​ကဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​များ​ကို မှတ်​တမ်း​တင်​၍​ထား​စေ​၏။ သူ​သည်​ပေ​ရ​သိ အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရပ်​နီး​ရပ် ဝေး​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အား၊-

21. နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 9