ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 9:12-15 Common Language Bible (BCL)

12. ထို​အ​ခါ​မင်း​ကြီး​သည်​မိ​ဖု​ရား​ဧ​သ​တာ အား``ရှု​ရှန်​တစ်​မြို့​တည်း​၌​ပင်​ယု​ဒ​အ​မျိုး သား​တို့​သည် ဟာ​မန်​၏​သား​တစ်​ကျိပ်​အ​ပါ အ​ဝင်​လူ​ပေါင်း​ငါး​ရာ​ကို​သတ်​ဖြတ်​လိုက် ကြ​လေ​ပြီ။ သူ​တို့​သည်​ပြည်​နယ်​များ​တွင် အ​ဘယ်​မျှ​သတ်​ဖြတ်​ကြ​ဦး​မည်​နည်း။ ယ​ခု​သင်​သည်​အ​ဘယ်​အ​ရာ​ကို​အ​လို ရှိ​ပါ​သ​နည်း။ ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​လို​ပါ​သေး​သ​နည်း။ ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

13. ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-

14. မင်း​ကြီး​သည်​ဧ​သ​တာ​လျှောက်​ထား​သည့် အ​တိုင်း ရှု​ရှန်​မြို့​တွင်​ကြေ​ညာ​ချက်​ထုတ် ပြန်​ကာ ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​၏။-

15. အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 9