ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 2:3-17 Common Language Bible (BCL)

3. အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။-

4. ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။

5. မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။-

6. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-

7. သူ့​မှာ​ဧ​သ​တာ​ဆို​သူ​နှ​မ​ဝမ်း​ကွဲ​ရှိ​၏။ ဧ​သ​တာ​၏​ယု​ဒ​နာ​မည်​ကား​ဟ​ဒ​ဿ တည်း။ သူ​၏​မိ​ဘ​များ​ကွယ်​လွန်​သွား​သော အ​ခါ​မော်​ဒ​ကဲ​သည်​သူ့​ကို​မွေး​စား​ကာ မိ​မိ​၏​သ​မီး​အ​ရင်း​သ​ဖွယ်​ကျွေး​မွေး ပြု​စု​ခဲ့​၏။ ဧ​သ​တာ​သည်​အ​ဆင်း​လှ​၍ ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​သည့်​အ​မျိုး သ​မီး​က​လေး​တစ်​ဦး​ဖြစ်​ပေ​သည်။

8. ထို​ကြောင့်​မင်း​ကြီး​ကြေ​ငြာ​ချက်​အ​သစ် အ​ရ အ​မျိုး​သ​မီး​ငယ်​အ​မြောက်​အ​မြား ကို ရှု​ရှန်​မြို့​သို့​ခေါ်​ဆောင်​လာ​ကြ​သော အ​ခါ​ဧ​သ​တာ​ပါ​လာ​ခဲ့​လေ​သည်။ သူ့ အား​လည်း​နန်း​တွင်း​၌​ထား​ရှိ​ကာ​မိန်း​မ စိုး​ဟေ​ဂဲ​၏​လက်​သို့​ပေး​အပ်​ကြ​၏။-

9. ဟေ​ဂဲ​သည်​ဧ​သ​တာ​အား​စိတ်​နှင့်​တွေ့​သ​ဖြင့် မျက်​နှာ​သာ​ပေး​၏။ နှိပ်​နယ်​ပေး​ခြင်း၊ အ​ထူး အ​စား​အ​စာ​ကို​ကျွေး​ခြင်း​တို့​ကို​အ​လျင် အ​မြန်​စ​တင်​ပြု​လုပ်​ပေး​၏။ အ​ပျို​တော် ဆောင်​တွင်​အ​ကောင်း​ဆုံး​နေ​ရာ​ထိုင်​ခင်း​ကို ပေး​၍ နန်း​တွင်း​သူ​အ​မျိုး​သ​မီး​ခု​နစ် ယောက်​ကို​အ​ထူး​ရွေး​ချယ်​ကာ​ဧ​သ​တာ ကို​လုပ်​ကျွေး​ပြု​စု​စေ​၏။

10. ဧ​သ​တာ​သည်​မော်​ဒ​ကဲ​၏​အ​ကြံ​ပေး​ချက် အ​ရ မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို​လျှို့​ဝှက် ၍​ထား​လေ​သည်။-

11. နေ့​စဉ်​နေ့​တိုင်း​ပင်​မော်​ဒ​ကဲ​သည်​ဧ​သ​တာ ၏​အ​ခြေ​အ​နေ​ကို​လည်း​ကောင်း၊ သူ့​အား အ​ဘယ်​သို့​ပြု​ကြ​မည်​ကို​လည်း​ကောင်း​သိ​ရှိ နိုင်​ရန် အ​ပျို​တော်​ဆောင်​ဝင်း​ရှေ့​၌​ခေါက်​တုန့် ခေါက်​ပြန်​လျှောက်​လျက်​နေ​တတ်​၏။

12. အ​မျိုး​သ​မီး​များ​အ​တွက် ပြု​လုပ်​နေ​ကျ အ​လှ​ပြု​ပြင်​မှု​မှာ​တစ်​နှစ်​မျှ​ကြာ​လေ သည်။ သူ​တို့​အား​မု​ရန်​ဆီ​ဖြင့်​ခြောက်​လ၊ သစ်​ဆီ​မွှေး​ဖြင့်​နောက်​ထပ်​ခြောက်​လ​နှိပ်​နယ် ပေး​ရ​၏။ ထို​နောက်​အ​မျိုး​သ​မီး​များ​သည် တစ်​ယောက်​ပြီး​တစ်​ယောက်​အ​လှည့်​ကျ ဇေ​ရဇ်​မင်း​၏​အ​ထံ​တော်​သို့​ဝင်​ကြ​ရ သည်။-

13. အ​လှည့်​ကျ​သူ​သည်​အ​ပျို​တော်​ဆောင်​မှ နန်း​တော်​သို့​သွား​သော​အ​ခါ မိ​မိ​နှစ်​သက် ရာ​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​နိုင်​၏။-

14. သူ​သည်​ညဥ့်​ဦး​အ​ချိန်​၌​နန်း​တော်​သို့​ဝင် ရ​၍​နောက်​တစ်​နေ့​နံ​နက်​၌ ဘု​ရင့်​မိန်း​မ​စိုး ရှာ​ရှ​ဂါ​ဇ​အုပ်​ချုပ်​သည့်​မောင်း​မ​တော်​ဆောင် သို့​ပြန်​ရ​လေ​သည်။ မင်း​ကြီး​သည်​မြတ်​နိုး​၍ နာ​မည်​အား​ဖြင့်​ခေါ်​တော်​မ​မူ​လျှင် နောက် တစ်​ဖန်​မင်း​ကြီး​ထံ​သို့​မ​ဝင်​ရ။

15. အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-

16. ထို့​ကြောင့်​ဧ​သ​တာ​သည်​ဇေ​ရဇ်​မင်း​နန်း​စံ သတ္တ​မ​နှစ်​တေ​ဗက်​ခေါ်​ဒ​သ​မ​လ​၌ နန်း တော်​အ​တွင်း​ဇေ​ရဇ်​မင်း​၏​ရှေ့​တော်​သို့ ရောက်​ရှိ​သွား​၏။-

17. မင်း​ကြီး​သည်​သူ့​အား​အ​ခြား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​ထက်​ပို​၍​နှစ်​သက်​တော် မူ​သ​ဖြင့် သူ​သည်​ရှေ့​တော်​တွင်​မျက်​နှာ​ပွင့် လန်း​လျက်​ချစ်​ခင်​မြတ်​နိုး​တော်​မူ​ခြင်း ကို​ခံ​ရ​လေ​သည်။ မင်း​ကြီး​သည်​သူ့​အား ရာ​ဇ​သ​ရ​ဖူ​ကို​ဆောင်း​၍​ပေး​ပြီး​လျှင် ဝါ​ရှ​တိ​၏​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 2