ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 2:2-6 Common Language Bible (BCL)

2. သို့​ဖြစ်​၍​သူ​နှင့်​ရင်း​နှီး​သော​အ​ကြံ​ပေး​အ​ရာ ရှိ​များ​က​မင်း​ကြီး​အား``အ​ရှင်​သည်​အ​ဘယ် ကြောင့်​အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​များ ကို​ရှာ​စေ​တော်​မ​မူ​ပါ​သ​နည်း။-

3. အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် အ​ပေါင်း​တွင် မင်း​အ​ရာ​ရှိ​များ​ကို​ခန့်​ထား​၍ အ​ဆင်း​လှ​သည့်​အ​ပျို​က​ညာ​အ​ပေါင်း​ကို မြို့​တော်​ရှု​ရှန်​ရှိ​အ​ရှင့်​အ​ပျို​တော်​ဆောင်​သို့ ခေါ်​ဆောင်​လာ​စေ​တော်​မူ​ပါ။ သူ​တို့​အား အ​ရှင့်​မိန်း​မ​စိုး​ဟေ​ဂဲ​၏​လက်​တွင်​အပ်​၍ အ​လှ​ပြု​ပြင်​ပေး​စေ​တော်​မူ​ပါ။-

4. ထို​နောက်​အ​ရှင်​အ​နှစ်​သက်​ဆုံး​အ​မျိုး​သ​မီး ကို​ရွေး​၍ ဝါ​ရှ​တိ​အ​စား​မိ​ဖု​ရား​မြှောက်​တော် မူ​ပါ'' ဟု​အ​ကြံ​ပေး​လျှောက်​ထား​ကြ​၏။ မင်း ကြီး​သည်​ထို​အ​ကြံ​ပေး​လျှောက်​ထား​ချက် ကို​နှစ်​သက်​၍​ထို​အ​တိုင်း​ပြု​တော်​မူ​၏။

5. မြို့​တော်​ရှု​ရှန်​တွင်​ယာ​ဣ​ရ​၏​သား မော်​ဒ​ကဲ ဆို​သူ​ယု​ဒ​အ​မျိုး​သား​တစ်​ယောက်​ရှိ​၏။ သူ သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၍​ကိ​ရှ​နှင့်​ရှိ​မိ တို့​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။-

6. ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ ဘု​ရင်​ယေ​ခေါ​နိ​အား​ယေ​ရု​ရှ​လင်​မြို့​မှ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​သော​အ​ခါ​၌ မော် ဒ​ကဲ​သည်​လည်း​သုံ့​ပန်း​များ​အ​ထဲ​တွင် ပါ​သွား​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 2