ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​သ​တာ 2:19-23 Common Language Bible (BCL)

19. ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-

20. ဧ​သ​တာ​မူ​ကား​မော်​ဒ​ကဲ​၏​မှာ​ကြား ချက်​အ​ရ​မိ​မိ​၏​ယု​ဒ​မျိုး​ရိုး​ဇာ​တိ​ကို ယ​ခု​တိုင်​အောင်​အ​ဘယ်​သူ​ကို​မျှ​အ​သိ မ​ပေး​ဘဲ​နေ​၏။ သူ​သည်​က​လေး​ဘ​ဝ​က မော်​ဒ​ကဲ​၏​စ​ကား​ကို​နား​ထောင်​ခဲ့​သည့် နည်း​တူ ဤ​အ​မှု​ကိစ္စ​တွင်​လည်း​နား​ထောင် လေ​သည်။

21. နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-

22. မော်​ဒ​ကဲ​သည်​ထို​အ​ကြောင်း​ကို​ကြား​သိ​ရ သ​ဖြင့် မိ​ဖု​ရား​ဧ​သ​တာ​အား​ပြော​ကြား​၏။ သို့​ဖြစ်​၍​ဧ​သ​တာ​သည်​မင်း​ကြီး​အား မော်​ဒ​ကဲ​သိ​ရှိ​ရ​ချက်​ကို​လျှောက်​ထား​၏။-

23. ထို​အ​မှု​ကို​စုံ​စမ်း​စစ်​ဆေး​သော​အ​ခါ မော်​ဒ​ကဲ​ပေး​သည့်​သ​တင်း​မှန်​ကန်​ကြောင်း တွေ့​ရှိ​ရ​သ​ဖြင့် ထို​သူ​နှစ်​ယောက်​စ​လုံး​ပင် လည်​ဆွဲ​တိုင်​၌​ကွပ်​မျက်​ခြင်း​ကို​ခံ​ရ​ကြ လေ​သည်။ မင်း​ကြီး​သည်​ဤ​အ​မှု​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ​တွင်​ရေး မှတ်​ထား​စေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​သ​တာ 2