ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 9:10-12-15 Common Language Bible (BCL)

10-12. ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ထို​သို့​ကျေး​ဇူး တော်​ကို​ခံ​စား​ရ​ပြီး​မှ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​လျှောက်​ထား​နိုင်​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​က`သင်​တို့​သိမ်း​ပိုက်​လတ္တံ့​သော​ပြည် သည်​ညစ်​ညမ်း​သည်။ ပြည်​သူ​ပြည်​သား​တို့​သည် ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ကျင့်​ဆိုး​များ​ဖြင့် ပြည့်​နှက်​စေ​လေ​ပြီ။ သင်​တို့​သည်​ထို​ပြည် ထွက်​အ​သီး​အ​နှံ​များ​ကို​ဝ​စွာ​စား​သုံး​ကာ ထို​ပြည်​ကို​လည်း​မိ​မိ​တို့​သား​မြေး​များ လက်​သို့​ထာ​ဝ​စဉ်​အပ်​နှံ​လို​ကြ​ပါ​က ထို ပြည်​သူ​ပြည်​သား​တို့​နှင့်​အ​ဘယ်​အ​ခါ​၌ မျှ​ထိမ်း​မြား​စုံ​ဖက်​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့ ၏​ကြီး​ပွား​တိုး​တက်​ရေး​အ​တွက်​အ​ဘယ် အ​ခါ​၌​မျှ အ​ကူ​အ​ညီ​မ​ပေး​ကြ​နှင့်' ဟု​ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် ပေး​တော်​မူ​သော​အ​မိန့်​တော်​တို့​ကို အ​ကျွန်ုပ်​တို့​မ​နာ​ခံ​ကြ​ပါ။-

13. အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။-

14. အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-

15. အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 9