ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 9:1-5 Common Language Bible (BCL)

1. ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-

2. ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ပြု​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​သီး​သန့်​လူ​မျိုး​တော်​သည် ညစ်​ညမ်း​လေ​ပြီ။ ဤ​အ​ပြစ်​ကို​ကူး​လွန်​ရာ တွင်​ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ​များ​သည် အ​ဆိုး​ဆုံး​ဖြစ်​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။-

3. ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် အ​ဝတ်​များ​ကို​ဆုတ်​ပြီး​နောက် ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို​ဆွဲ​နုတ်​ကာ​ဝမ်း​နည်း​လျက် ထိုင်​နေ​၏။-

4. ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။

5. ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 9