18. ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။-
19. ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။-
20. ထို့ပြင်ဗိမာန်တော်အတွက်လိုသေးသော အရာများကို ဘဏ္ဍာတော်တိုက်မှငွေကို ထုတ်၍ဝယ်နိုင်သည်။
21. ``ငါအာတဇေရဇ်မင်းသည်ကောင်းကင်ဘုံ ရှင် ဘုရားသခင်၏ပညတ်ကျမ်းတတ်မြောက် သောယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှ သောအရာတို့ကိုအလျင်အမြန်ထုတ် ပေးကြရန် ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်ရှိငွေတိုက်စိုးအပေါင်း တို့အားအမိန့်တော်ရှိသည်။-
22. သင်တို့သည်ငွေပေါင်ခုနစ်ထောင့်ငါးရာ၊ ဂျုံ ဆန်တင်းငါးရာ၊ စပျစ်ရည်ဂါလံငါးရာ့ ငါးဆယ်၊ သံလွင်ဆီဂါလံငါးရာ့ငါး ဆယ်အထိလိုသမျှဆားကိုထုတ်ပေး ကြစေ။-
23. ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။-
24. သင်တို့သည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဂီတပညာသည်များ၊ အစောင့် တပ်သားများနှင့်အလုပ်သမားများထံမှ သော်လည်းကောင်း၊ ဗိမာန်တော်နှင့်သက်ဆိုင် သည့်အခြားသူများထံမှသော်လည်းကောင်း အဘယ်အခွန်တော်ကိုမျှမကောက်မခံ ကြရ။
25. ``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
26. အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
27. ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။-
28. ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ငါသည် မင်းကြီးနှင့်တကွ သူ၏အတိုင်ပင်ခံအမတ် များ၊ တန်ခိုးကြီးသည့်အရာရှိများ၏ရှေ့ တွင်မျက်နှာသာရစေတော်မူသည်။ ဘုရားသခင်သည်ငါ့အားရဲစွမ်းသတ္တိကိုပေးတော် မူ၍ ငါသည်ဣသရေလသားချင်းစုခေါင်း ဆောင်အမြောက်အမြားကို ငါနှင့်အတူ လိုက်ကြရန်စုရုံးနိုင်လေပြီ'' ဟုဆို၏။