ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 7:1-12 Common Language Bible (BCL)

1. နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ပေ​ရ​သိ ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌ ဧ​ဇ​ရ​နာ​မည်​ရှိ​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​ရုန်​မှ​ဆင်း​သက် လာ​ကြောင်း အောက်​ပါ​အ​တိုင်း​သိ​နိုင်​ပေ​သည်။ ဧ​ဇ​ရ​၏​အ​ဖ​သည်​စ​ရာ​ယ၊ စ​ရာ​ယ​၏ အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား ဟိ​လ​ခိ​ဖြစ်​၏။-

2. ဟိ​လ​ခိ​၏​အ​ဖ​သည်​ရှလ္လုံ၊ ရှလ္လုံ​၏​အ​ဖ မှာ​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​အ​ဖ​ကား​အ​ဟိ တုတ်​ဖြစ်​၏။-

3. အ​ဟိ​တုတ်​၏​အ​ဖ​သည်​အာ​မ​ရိ၊ အာ​မ​ရိ ၏​အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား မေ​ရာ​ယုတ်​ဖြစ်​၏။-

4. မေ​ရာ​ယုတ်​၏​အ​ဖ​သည်​ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ ၏​အ​ဖ​မှာ​သြ​ဇိ၊ သြ​ဇိ​၏​အ​ဖ​ကား​ဗုက္ကိ ဖြစ်​၏။-

5. ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။

6. ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-

7. ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။-

8-9. ထို​သူ​တို့​သည်​ပ​ထ​မ​လ၊ တစ်​ရက်​နေ့​၌ ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ ထာ​ဝ​ရ ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကြောင့်​ပဉ္စမ​လ၊ တစ်​ရက်​နေ့​၌​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် ရှိ​ကြ​လေ​သည်။-

10. ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။

11. အာ​တ​ဇေ​ရဇ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​သည့်​တ​ရား​တော်​များ​နှင့် ပ​ညတ်​တော်​တို့ ကို​ကြေ​ညက်​စွာ​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​အား အ​မိန့်​တော်​စာ​ကို​ပေး​တော် မူ​၏။ ထို​စာ​တွင်၊

12. ``ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ် ထံ​မှ​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​ထံ​သို့၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 7