ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 4:2-13 Common Language Bible (BCL)

2. သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။

3. ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု​နှင့်​သား​ချင်း​စု​ဦး​စီး​များ​က သူ​တို့​အား``ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​တည်​ဆောက်​ရာ​တွင် သင်​တို့​၏​အ​ကူ​အ​ညီ​ကို​မ​လို​ပါ။ ပေ​ရ​သိ​ဘု​ရင်​ကု​ရု​၏​အ​မိန့်​တော်​အ​ရ ထို​ဗိ​မာန်​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​တည်​ဆောက်​ကြ​ပါ​မည်'' ဟု​ပြန်​ပြော​ကြ​၏။

4. ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။-

5. ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ​အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။

6. ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။

7. တစ်​ဖန်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌​ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မင်း​ကြီး​ထံ​သို့​လျှောက်​လွှာ​တင်​သွင်း​ကြ​၏။ ထို​လျှောက်​လွှာ​ကို​အာ​ရ​မိ​ဘာ​သာ​စ​ကား​ဖြင့် ရေး​သား​ပြန်​ဆို​ကာ​ဖတ်​ပြ​ရန်​ပင်​ဖြစ်​သည်။

8. ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဘု​ရင်​ခံ​ရေ​ဟုံ​နှင့်​အ​တွင်း​ဝန်​ရှိ​မ​ရှဲ​တို့​က အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​အောက်​ဖော်​ပြ​ပါ​စာ​ကို​ရေး​သား​ပေး​ပို့​ကြ​လေ​သည်။

9. ``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​များ၊ တ​ရား​သူ​ကြီး​များ၊ ဘေ​ရက်​မြို့၊ ဗာ​ဗု​လုန်​မြို့၊ ဧ​လံ​ပြည်​ရှိ​ရှု​ရှန်​မြို့​တို့​မှ လာ​ရောက်​အ​မှု​ထမ်း​ကြ​သော​အ​ရာ​ရှိ​များ၊-

10. ရှ​မာ​ရိ​မြို့​နှင့်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ရှိ​ပြည်​နယ် သို့​ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ရန်​တန်​ခိုး​ကြီး​မား​သည့်​အာ​သ​နပ္ပါ​မင်း​စေ​လွှတ်​လိုက်​သည့်​အ​ခြား​ပြည်​သူ​များ​ထံ​မှ''

11. (စာ​တွင်​ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။)``အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​ဘု​ရင်​အ​စေ​ခံ​များ​ဖြစ်​ကြ​သော ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​က​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။''

12. ``အ​ရှင်​၏​အ​ခြား​နယ်​မြေ​များ​မှ ဤ​အ​ရပ်​သို့​လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​ကာ ထို​ဆိုး​ညစ်​ပုန်​ကန်​တတ်​သော​မြို့​ကို​ပြန်​လည်​တည်​ဆောက်​လျက်​ရှိ​ကြောင်း အ​ရှင့်​အား​အ​ကျွန်ုပ်​တို့​လျှောက်​ထား​အပ်​ပါ​သည်။ သူ​တို့​သည်​မြို့​ရိုး​များ​ကို ပြန်​လည်​စ​တင်​ဆောက်​လုပ်​လျက်​နေ​ကြ​ပြီ​ဖြစ်​၍​မ​ကြာ​မီ​ပြီး​စီး​ပါ​မည်။-

13. အ​ရှင်​မင်း​ကြီး၊ ဤ​မြို့​ကို​ပြန်​လည်​တည်​ထောင်​ကာ​မြို့​ရိုး​များ​ကို​လည်း​ဆောက်​လုပ်​ပြီး​စီး​သွား​ပါ​က မြို့​သူ​မြို့​သား​တို့​သည်​အ​ကောက်​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​တော့​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍​အ​ရှင်​၏​အ​ခွန်​တော်​လျော့​နည်း​သွား​ပါ​လိမ့်​မည်။''

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 4