ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 4:16-24 Common Language Bible (BCL)

16. သို့​ဖြစ်​၍​ဤ​မြို့​နှင့်​မြို့​ရိုး​ကို​ပြီး​စီး​အောင်​ပြန်​လည်​တည်​ဆောက်​ခဲ့​လျှင် အ​ရှင်​မင်း​ကြီး​သည်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​ကို​ထိန်း​သိမ်း​အုပ်​ချုပ်​နိုင်​တော့​မည်​မ​ဟုတ်​ကြောင်း​လျှောက်​ထား​အပ်​ပါ​သည်'' ဟူ​၍​တည်း။

17. မင်း​ကြီး​၏​ပြန်​ကြား​လွှာ​မှာ၊``ဘု​ရင်​ခံ​ရေ​ဟုံ၊ အ​တွင်း​ဝန်​ရှိ​မ​ရှဲ​နှင့်​တ​ကွ အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော​ရှ​မာ​ရိ​မြို့​သား​များ​နှင့် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​သား​တို့​အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။''

18. ``သင်​တို့​ပေး​ပို့​လိုက်​သော​စာ​ကို​ဘာ​သာ​ပြန်​၍ ငါ့​အား​ဖတ်​ပြ​ကြ​သည်။-

19. ငါ​သည်​အ​မိန့်​ထုတ်​ဆင့်​၍​ရှာ​ဖွေ​ကြည့်​ရှု​ရာ​ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ကာ​လ​မှ​အ​စ​ပြု​၍ ဧ​က​ရာဇ်​မင်း​တို့​ကို​တော်​လှန်​ပုန်​ကန်​လေ့​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ပုန်​ကန်​သူ​များ၊ အ​နှောင့်​အ​ယှက်​ပေး​တတ်​သူ​များ​နှင့်​ပြည့်​နှက်​နေ​ကြောင်း​ကို​လည်း​ကောင်း​တွေ့​ရှိ​ရ​သည်။-

20. တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-

21. သို့​ဖြစ်​၍​ငါ​၏​ထံ​မှ​နောက်​ထပ်​အ​မိန့်​တစ်​စုံ​တစ်​ရာ​မ​ရ​မ​ချင်း၊ ထို​မြို့​ပြန်​လည်​တည်​ဆောက်​မှု​ကို​ရပ်​ဆိုင်း​ထား​ကြ​ရန်​သင်​တို့​အ​မိန့်​ထုတ်​ဆင့်​ကြ​ရ​မည်။-

22. ငါ​၏​အ​ကျိုး​ကို​ထပ်​မံ​၍​မ​ထိ​မ​ခိုက်​စေ​ရန်​ယင်း​အ​မိန့်​ကို​ချက်​ချင်း​ထုတ်​ပြန်​ကြ​ရ​မည်'' ဟူ​၍​တည်း။

23. ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။

24. ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 4