ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 3:3-8 Common Language Bible (BCL)

3. သူ​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ခြား အ​မျိုး​သား​တို့​ကို​ကြောက်​သော်​လည်း ယဇ် ပ​လ္လင်​ကို​အ​ဟောင်း​၌​ပင်​ပြန်​လည်​တည်​ဆောက် ကြ​လေ​သည်။ ထို​နောက်​နံ​နက်​နှင့်​ညဥ့်​ဦး​တွင် ပူ​ဇော်​နေ​ကျ​ဖြစ်​သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို စ​တင်​ပူ​ဇော်​ကြ​၏။-

4. သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-

5. ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-

6. ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​ရန်​အ​စ​မ​ပြု​ရ​သေး​သော်​လည်း သတ္တ​မ လ၊ ပ​ထ​မ​နေ့​၌​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား စ​တင်​ပူ​ဇော်​ကြ​ကုန်​၏။

7. ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-

8. သို့​ဖြစ်​၍​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန် တော်​တည်​ခဲ့​ရာ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သည့် နှစ်၊ ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော်​တည်​ဆောက်​မှု လုပ်​ငန်း​ကို စ​တင်​လုပ်​ကိုင်​ကြ​လေ​သည်။ ဇေ​ရု​ဗ ဗေ​လ၊ ယော​ရှု​နှင့်​ဆွေ​မျိုး​သား​ချင်း​များ၊ ယဇ် ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​မှ​စ ၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည့်​ပြည် နှင်​ဒဏ်​သင့်​သူ​အ​ပေါင်း​တို့​သည် တည်​ဆောက် မှု​လုပ်​ငန်း​တွင်​ပါ​ဝင်​ကြ​လေ​သည်။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို ကြီး​ကြပ်​ရန်​တာ​ဝန်​ယူ​ကြ​ရ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 3