ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဇ​ရ 3:10-13 Common Language Bible (BCL)

10. တည်​ဆောက်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​အုတ် မြစ်​ချ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​မိ​မိ​တို့​ဝတ်​လုံ​များ​ကို​ဝတ်​၍ တံ​ပိုး ခ​ရာ​များ​ကို​ကိုင်​ဆောင်​ကာ​နေ​ရာ​ယူ​ကြ​၏။ အာ​သပ်​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ်​ဝင်​တို့ က​လင်း​ကွင်း​များ​ကို​ကိုင်​ကြ​၏။ သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ပေး​ခဲ့​သည့်​ညွှန်​ကြား​ချက်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-

11. သူ​တို့​က၊``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏''ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-

12. ဗိ​မာန်​တော်​ဟောင်း​ကို​မြင်​ဖူး​သော​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​သား​ချင်း​စု​ဦး​စီး​အ​မြောက်​အ​မြား​တို့​သည် ဤ​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​သည်​ကို​မြင်​သော် အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သို့​ရာ​တွင်​အ​ခြား​သူ​တို့ က​မူ​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လေ​သည်။-

13. ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သံ​နှင့်​ငို​ကြွေး​သံ​ကို အ​ဘယ်​သူ​မျှ​ခွဲ​ခြား​၍​မ​ရ​ကြ။ လူ​တို့​သည် ကျယ်​စွာ​အော်​ဟစ်​ကြ​သော​ကြောင့် အ​ဝေး​က​ပင် ကြား​ရ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဇ​ရ 3