58. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
59. တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊-
60. ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
61-62. အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။-
63. ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ် ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။
68. ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။-
69. ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
70. ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။