ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 9:1-7 Common Language Bible (BCL)

1. ယဇ်​ပလ္လင်​အ​နီး​၌​ရပ်​နေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​ကို​ငါ​တွေ့​ရ​၏။ ကိုယ်​တော်​ရှင်​က``ဗိ​မာန် တော်​တစ်​ခု​လုံး​ကို​သိမ့်​သိမ့်​တုန်​သွား​စေ​ရန် ဗိ​မာန်​တော်​တိုင်​၏​ထိပ်​ဖျား​ကို​ရိုက်​ချိုး​လော့။ ထို​အ​ရာ​တို့​ကို​ချိုး​၍​လူ​တို့​၏​ခေါင်း​ပေါ် သို့​ကျ​စေ​လော့။ ကျန်​ရစ်​သူ​များ​ကို​စစ်​ပွဲ​၌ ငါ​ကွပ်​မျက်​မည်။ မည်​သူ​မျှ​လွတ်​မည်​မ​ဟုတ်။ မည်​သူ​တစ်​ဦး​မျှ​ပြေး​မ​လွတ်​နိုင်။-

2. မြေ​အောက်​သို့​တွင်း​တူး​ပြီး​သေ​မင်း​နိုင်​ငံ​၌ ပုန်း​အောင်း​နေ​လင့်​က​စား ငါ​သည်​သူ​တို့​ကို အ​မိ​အ​ရ​ဖမ်း​ဆီး​မည်။ မိုး​ပေါ်​သို့​တက် ပြေး​လျှင်​လည်း​သူ​တို့​ကို​ငါ​ဆွဲ​ချ​မည်။-

3. က​ရေ​မေ​လ​တောင်​ထိပ်​၌​ပုန်း​နေ​လျှင်​လည်း သူ​တို့​ကို​လိုက်​ရှာ​၍​ဖမ်း​ချုပ်​မည်။ ငါ့​ထံ​မှ လွတ်​အောင်​ပင်​လယ်​အောက်​၌​ပုန်း​နေ​လျှင် သူ တို့​ကို​ဝါး​မြို​ရန်​ပင်​လယ်​န​ဂါး​ကို​စေ ခိုင်း​မည်။-

4. ရန်​သူ​များ​ဖမ်း​သွား​ခံ​ရ​လျှင် လည်း​သူ​တို့ ကို​သတ်​ပစ်​လိုက်​ရန်​ငါ​စေ​ခိုင်း​မည်။ ငါ​သည် သူ​တို့​ကို​မ​ကူ​ညီ​ဘဲ ဖျက်​ဆီး​ပစ်​ရန် သန္နိ​ဋ္ဌာန်​ချ​လိုက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

5. ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊မြေ​င​လျင်​ကြီး​လှုပ်​သည်။မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။

6. ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကောင်း​ကင်​၌ မိ​မိ​အိမ်​တော် ကို​တည်​ဆောက်​ခဲ့​၏။ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​လုံး​ဝန်း​သော ကောင်း​ကင်​ယံ​ခုံး​ကို​တင်​တော်​မူ​၏။ပင်​လယ်​ရေ​များ​ကို​ခေါ်​ယူ​လျက်​မြေ​ပေါ်​၌ သွန်း​လောင်း​ခဲ့​၏။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​၏။

7. ထာ​ဝ​ရ​ဘု​ရား​က``အို ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​ကို​ကု​ရှ​လူ​မျိုး နှင့်​တန်း​တူ​သ​ဘော​ထား​ခဲ့​၏။ ငါ​သည်​သင် တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​သ​ကဲ့ သို့ ဖိ​လိတ္တိ​လူ​မျိုး​ကို​က​ရေ​တေ​ကျွန်း​မှ လည်း​ကောင်း၊ ရှု​ရိ​လူ​မျိုး​ကို​တိ​ရ​ပြည် မှ​လည်း​ကောင်း​ထုတ်​ဆောင်​လာ​ခဲ့​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 9