ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 8:7-14 Common Language Bible (BCL)

7. ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။-

8. ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။-

9. ငါ​သည်​ထို​နေ့​တွင်​မွန်း​တည့်​အ​ချိန်​၌​နေ​ကို ဝင်​စေ​ပြီး​နေ့​အ​ချိန်​မှာ​ပင် မြေ​တစ်​ပြင်​လုံး ၌​အ​မှောင်​ဖုံး​သွား​စေ​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-

10. သင်​တို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ​သာ​ပွဲ​အ​ဖြစ် သို့​ပြောင်း​ပစ်​မည်။ သင်​တို့​တက်​ကြွ​ရွှင်​မြူး​သော တေး​သံ​တို့​ကို​ငို​ကြွေး​သံ​များ​ဖြစ်​သွား​စေ မည်။ သင်​တို့​သည်​ဆံ​ပင်​များ​ကို​ရိတ်​ပြီး​လျှော် တေ​အ​ဝတ်​ကို​ဝတ်​ရ​လိမ့်​မည်။ တစ်​ဦး​တည်း သော​သား​သေ​ဆုံး​သ​ဖြင့်​ရ​တက်​ပွား​ရ​သည့် မိ​ဘ​ပ​မာ​ဖြစ်​ရ​ကြ​မည်။ နေ​ဝင်​သည့်​တိုင် ထို​နေ့​တာ​သည်​ဆိုး​ဝါး​လှ​မည်။

11. ``တစ်​ပြည်​လုံး​ငတ်​မွတ်​ရ​မည့်​ကပ်​ဆိုး​ကြီး ကို​ငါ​ကျ​ရောက်​စေ​မည်။ အ​စာ​အ​တွက်​ငတ် မွတ်​ခြင်း​မ​ဟုတ်။ ရေ​ကို​ဆာ​လောင်​ခြင်း​လည်း မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​သ​တင်း စ​ကား​တော်​ကို​ငတ်​မွတ်​ခြင်း​ပင်​ဖြစ်​လိမ့်​မည်။ ထို​နေ့​များ​ရောက်​ရှိ​လာ​တော့​မည်။ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။-

12. လူ​တို့​သည်​ပင်​လယ်​သေ​မှ​မြေ​ထဲ​ပင်​လယ် တိုင်​အောင်​လည်း​ကောင်း မြောက်​အ​ရပ်​မှ​အ​ရှေ့ သို့​လည်း​ကောင်း၊ နေ​ရာ​အ​နှံ့​အ​ပြား​၌​သ​တင်း စ​ကား​တော်​ကို​လှည့်​လည်​၍​ရှာ​ကြ​သော်​လည်း သ​တင်း​စ​ကား​တော်​ကို​မ​တွေ့​ဘဲ​နေ​ကြ လိမ့်​မည်။-

13. ထို​နေ့​၌​အ​လွန်​ကျန်း​မာ​သည့်​လု​လင်​နှင့် မိန်း​မ​ပျို​များ​ပင်​လျှင်​ရေ​ငတ်​လွန်း​သ​ဖြင့် လဲ​ကြ​လိမ့်​မည်။-

14. ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 8