ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 8:10-12 Common Language Bible (BCL)

10. သင်​တို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ​သာ​ပွဲ​အ​ဖြစ် သို့​ပြောင်း​ပစ်​မည်။ သင်​တို့​တက်​ကြွ​ရွှင်​မြူး​သော တေး​သံ​တို့​ကို​ငို​ကြွေး​သံ​များ​ဖြစ်​သွား​စေ မည်။ သင်​တို့​သည်​ဆံ​ပင်​များ​ကို​ရိတ်​ပြီး​လျှော် တေ​အ​ဝတ်​ကို​ဝတ်​ရ​လိမ့်​မည်။ တစ်​ဦး​တည်း သော​သား​သေ​ဆုံး​သ​ဖြင့်​ရ​တက်​ပွား​ရ​သည့် မိ​ဘ​ပ​မာ​ဖြစ်​ရ​ကြ​မည်။ နေ​ဝင်​သည့်​တိုင် ထို​နေ့​တာ​သည်​ဆိုး​ဝါး​လှ​မည်။

11. ``တစ်​ပြည်​လုံး​ငတ်​မွတ်​ရ​မည့်​ကပ်​ဆိုး​ကြီး ကို​ငါ​ကျ​ရောက်​စေ​မည်။ အ​စာ​အ​တွက်​ငတ် မွတ်​ခြင်း​မ​ဟုတ်။ ရေ​ကို​ဆာ​လောင်​ခြင်း​လည်း မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​သ​တင်း စ​ကား​တော်​ကို​ငတ်​မွတ်​ခြင်း​ပင်​ဖြစ်​လိမ့်​မည်။ ထို​နေ့​များ​ရောက်​ရှိ​လာ​တော့​မည်။ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။-

12. လူ​တို့​သည်​ပင်​လယ်​သေ​မှ​မြေ​ထဲ​ပင်​လယ် တိုင်​အောင်​လည်း​ကောင်း မြောက်​အ​ရပ်​မှ​အ​ရှေ့ သို့​လည်း​ကောင်း၊ နေ​ရာ​အ​နှံ့​အ​ပြား​၌​သ​တင်း စ​ကား​တော်​ကို​လှည့်​လည်​၍​ရှာ​ကြ​သော်​လည်း သ​တင်း​စ​ကား​တော်​ကို​မ​တွေ့​ဘဲ​နေ​ကြ လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 8