ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 8:1-6 Common Language Bible (BCL)

1. ငါ​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ တစ်​ခု​ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​တွင်​အ​သီး မှည့်​များ​ထည့်​ထား​သော​ခြင်း​တောင်း​တစ်​ခု ကို​တွေ့​ရ​၏။-

2. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အာ​မုတ် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု မေး တော်​မူ​သ​ဖြင့်၊ငါ​က​လည်း``အ​သီး​မှည့်​များ​ထည့်​ထား​သော ခြင်း​တောင်း​တစ်​ခု​ကို​မြင်​ရ​ပါ​သည်'' ဟု လျှောက်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​တို့​သည်​မှည့် ရော်​၍ ကြွေ​ပျက်​တော့​မည့်​နောက်​ဆုံး​သော ကာ​လ​သို့​ရောက်​လာ​ပြီ။ ငါ​သည်​သူ​တို့ ၏​ပြစ်​မှု​များ​ကို​သည်း​မ​ခံ​တော့​ဘဲ အ​ပြစ်​ပေး​ရ​တော့​မည်။-

3. ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

4. ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

5. ``ငါ​တို့​သည်​ဂျုံ​စ​ပါး​ကို​ရောင်း​လို​လှ​ပြီ။ သန့်​ရှင်း​ရာ​နေ့​လွန်​အောင်​ပင်​မ​စောင့်​နိုင်​အောင် ဖြစ်​နေ​ကြ​ပြီ။ ဥ​ပုသ်​နေ့​သည်​ဘယ်​သော​ခါ မှ​ကုန်​ပါ​မည်​နည်း။ ထို​နေ့​လွန်​လျှင်​ငါ​တို့ သည်​မ​မှန်​သော​တင်း​တောင်း​နှင့် အ​လေး​ခိုး ပြီး​မ​မှန်​သော​ချိန်​ခွင်​ကို​သုံး​၍​စျေး​တင် ရောင်း​ချ​မည်။-

6. တန်​ဖိုး​မ​ရှိ​သော​ဂျုံ​စ​ပါး​ကို​တက်​စျေး ဖြင့်​ရောင်း​မည်။ အ​ကြွေး​နစ်​လွန်း​သ​ဖြင့် ဆင်း​ရဲ​နေ​သူ​ကို​ရှာ​ပြီး​ကျွန်​အ​ဖြစ်​နှင့် ခြေ​နင်း​တစ်​ရံ​စာ​မျှ​ဖြင့်​ဝယ်​ယူ​မည်'' ဟု​သင်​တို့​ဆို​ကြ​လေ​ပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 8