ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 7:6-16 Common Language Bible (BCL)

6. ထာ​ဝ​ရ​ဘု​ရား​သည်​စိတ်​ပြောင်း​တော်​မူ​၍``ဤ​သို့​လည်း​ဖြစ်​ပေါ်​မည်​မ​ဟုတ်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်။

7. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​မှ​ရူ​ပါ​ရုံ​တစ်​ခု ကို​မြင်​ရ​၏။ ထို​ရူ​ပါ​ရုံ​၌​ချိန်​ကြိုး​ဖြင့်​တိုင်း ထွာ​ဆောက်​လုပ်​ခဲ့​သည့်​ကျောက်​နံ​ရံ​ဘေး​တွင် ချိန်​ကြိုး​တစ်​ချောင်း​ကိုင်​ကာ​ရပ်​နေ​တော်​မူ သော​ကိုယ်​တော်​ရှင်​ကို​ငါ​တွေ့​မြင်​သည်။-

8. ကိုယ်​တော်​က``အာ​မုတ်၊ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း'' ဟု​ငါ့​အား​မေး​သ​ဖြင့်၊ငါ​က​လည်း``ချိန်​ကြိုး​တစ်​ချောင်း​ကို မြင်​ရ​ပါ​သည်​ဘု​ရား'' ဟု​လျှောက်​ဆို​၏။ကိုယ်​တော်​ရှင်​က​လည်း၊``ငါ​၏​လူ​မျိုး​သည် ရွေ့​စောင်း​နေ​သော​နံ​ရံ​သ​ဖွယ်​ဖြစ်​နေ​သည် ကို ဤ​ချိန်​ကြိုး​ဖြင့်​ပြ​ဆို​ရ​ပြီ။ သူ​တို့​ကို ဒဏ်​ခတ်​ရန်​နောက်​တစ်​ဖန်​စိတ်​ပြောင်း​တော့ မည်​မ​ဟုတ်။-

9. ဣ​ဇာက်​မှ​ဆင်း​သက်​သော​အ​မျိုး​အ​နွယ်​တို့ ကိုး​ကွယ်​ရာ​အ​ရပ်​များ​ပျက်​စီး​ရ​တော့​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​သန့်​ရှင်း​ရာ​ဌာ​န​မှန် သ​မျှ​ကို မြေ​ပုံ​အ​ဖြစ်​နှင့်​သာ​ကျန်​ရစ်​စေ မည်။ ငါ​သည်​ယေ​ရော​ဗောင်​မင်း​ဆက်​၏​နန်း သက်​ကို​ကုန်​စေ​တော့​မည်'' ဟု​မိန့်​တော်​မူ​၏။

10. ထို​အ​ခါ​ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ်​အာ​မ​ဇိ က ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​ထံ​သို့ သံ​တော်​ဦး​တင်​လိုက်​လေ​၏။ ``အာ​မုတ်​သည် အ​ရှင်​မင်း​ကို​ဆန့်​ကျင်​ဖို့​ရန်​ပြည်​သူ​တို့ ကြား​တွင်​ကြံ​စည်​လျက်​ရှိ​ပါ​သည်။ သူ​ဟော သော​စ​ကား​များ​ကြောင့်​နိုင်​ငံ​တော်​ပျက်​ရ ပါ​လိမ့်​မည်။-

11. `ယေ​ရော​ဗောင်​မင်း​သည်​တိုက်​ပွဲ​၌​ကျ​ဆုံး ပြီး​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် မိ​မိ​တို့ ၏​နိုင်​ငံ​မှ​တစ်​ပါး​တစ်​နိုင်​ငံ​သို့​ဖမ်း​သွား ခံ​ရ​မည်' ဟု​ဟော​နေ​ပါ​သည်'' ဟူ​၍​သံ တော်​ဦး​တင်​လိုက်​၏။

12. ယင်း​နောက်​အာ​မ​ဇိ​က​အာ​မုတ်​အား``တန် တော့​ပ​ရော​ဖက်၊ ဆက်​မ​ဟော​နှင့်၊ ယု​ဒ​နိုင်​ငံ သို့​ပြန်​သွား​ပြီး​ထို​ပြည်​၌​သာ​ပ​ရော​ဖက် လုပ်​စား​လော့။-

13. ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။

14. ထို​အ​ခါ​အာ​မုတ်​က``ငါ​သည်​အ​ခ​ကြေး ငွေ​ယူ​၍​ပ​ရော​ဖက်​ပြု​သော​ပ​ရော​ဖက် တစ်​ယောက်​မ​ဟုတ်။ ငါ​သည်​သိုး​ထိန်း​ဖြစ် ၍​သင်္ဘော​သ​ဖန်း​ပင်​များ​ကို​ပြု​စု​နေ​သူ တစ်​ဦး​ဖြစ်​၏။-

15. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​သိုး​ကျောင်း နေ​ရာ​မှ​ခေါ်​ယူ​ပြီး လူ​မျိုး​တော်​ဣ​သ​ရေ​လ ထံ​သို့​သွား​ရောက်​၍​ဗျာ​ဒိတ်​ပေး​ရန်​စေ​ခိုင်း တော်​မူ​ခဲ့​သည်။-

16. သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 7