ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 3:10-15 Common Language Bible (BCL)

10. ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​သူ​တို့​၏ ဘုံ​နန်း​များ​ကို​မ​တ​ရား​လု​ယက်၊ အ​ကြမ်း ဖက်​ပြီး​မှ​ရ​ယူ​ခဲ့​သော​ပစ္စည်း​တို့​ဖြင့်​ပြည့် စေ​ခဲ့​ပြီ။ သူ​တို့​သည်​သစ္စာ​သ​ဘော​ကို​ပင် နား​မ​လည်​တော့​ပေ။-

11. သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

12. ထာ​ဝ​ရ​ဘု​ရား​က``သိုး​ထိန်း​သည်​ခြင်္သေ့ စာ​ဖြစ်​သွား​သော​သိုး​တစ်​ကောင်​၏​ခြေ​နှစ် ချောင်း သို့​မ​ဟုတ်​နား​ရွက်​တစ်​ဖက်​စ​သော အ​ပိုင်း​အ​စ​များ​ကို​သာ​ကောက်​ယူ​နိုင် သ​ကဲ့​သို့ ရှ​မာ​ရိ​ပြည်​ဒ​မာ​သက်​မြို့​ရှိ ကု​တင်​မွေ့​ယာ​တို့​ပေါ်​၌ စည်း​စိမ်​ယစ်​မူး နေ​သူ​တို့​အ​နက်​လူ​အ​နည်း​ငယ်​သာ လျှင်​ကျန်​ရစ်​ပေ​မည်။-

13. ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား က​ငါ​ပြော​သော​စ​ကား​ကို ယ​ခု​ပင်​နာ​ယူ ပြီး​ယာ​ကုပ်​မျိုး​နွယ်​တို့​အား​သ​တိ​ပေး ဆင့်​ဆို​လော့။-

14. ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ပြစ်​ပေး​သော​နေ့​၌ ဗေ​သ​လ​ယဇ်​ပလ္လင်​တို့ ကို​ဖျက်​ဆီး​လိုက်​မည်။ ယဇ်​ပလ္လင်​တိုင်း​၏​ထောင့် များ​၌​ရှိ​သော​ဦး​ချို​တို့​ကို​ခုတ်​လှဲ​၍​မြေ ပေါ်​သို့​ကျ​သွား​စေ​မည်။-

15. ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 3