ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

အာ​မုတ် 2:7-14 Common Language Bible (BCL)

7. သူ​တို့​သည်​အား​နွဲ့​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​များ​ကို​နင်း​ချေ​ပြီး​ဆင်း​ရဲ​သား​တို့ ကို​တွန်း​ထုတ်​ဖယ်​ရှား​ကြ​ပြီ။ အ​ဘ​နှင့် သား​သည်​ကျွန်​မိန်း​က​လေး​တစ်​ယောက် တည်း​နှင့်​ဆက်​ဆံ​လျက်​ငါ​၏​သန့်​ရှင်း ရာ​နာ​မ​တော်​ကို​အ​သ​ရေ​ပျက်​စေ​ပြီ။-

8. ဝတ်​ပြု​ရာ​နေ​ရာ​တိုင်း​၌​ဆင်း​ရဲ​သူ​များ ထံ​မှ​အ​ပေါင်​ခံ​ပစ္စည်း​အ​ဖြစ်​နှင့်​ရ​ယူ ထား​သော​အ​ဝတ်​အ​ထည်​များ​ကို​ခင်း ကာ​အိပ်​စက်​ကြ​လေ​ပြီ။ သူ​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင် ကြွေး​တင်​နေ​သူ​များ​ထံ​မှ​လျော်​ကြေး အ​ဖြစ်​ရ​ယူ​လာ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​လေ​ပြီ။

9. ``ထို​သို့​နှင့်​ပင်​ငါ​၏​လူ​မျိုး​အ​ပေါင်း​တို့၊ ငါ​သည်​သင်​တို့​အ​တွက်​အာ​ရဇ်​ပင်​တ​မျှ မြင့်​မား​၍​သ​ပိတ်​ပင်​အ​လား သန်​မာ​လှ သည့်​အာ​မော​ရိ​လူ​မျိုး​ကို​အ​ပြီး​အ​ပိုင် တိုက်​ဖျက်​ခဲ့​ပြီ။-

10. ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-

11. ငါ​သည်​သင်​တို့​၏​သား​အ​ချို့​ကို​ပ​ရော ဖက်​အ​ဖြစ်​နှင့်​လည်း​ကောင်း၊ သင်​တို့​၏ လူ​ငယ်​အ​ချို့​ကို​နာ​ဇ​ရိ​လူ​အ​ဖြစ်​နှင့် လည်း​ကောင်း​ရွေး​ကောက်​ခဲ့​ပြီ။ အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​အ​ချက်​သည်​အ​မှန် ပင်​ဖြစ်​သည်​မ​ဟုတ်​လော။ ဤ​သည်​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

12. သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-

13. ထို့​ကြောင့်​ငါ​သည်​သင့်​အား​မြေ​ကြီး​ပေါ် နင်း​ချေ​၍​သင်​သည်​ဂျုံ​စ​ပါး​အ​ပြည့်​တင် ထား​သည့်​လှည်း​ကဲ့​သို့ ငြီး​တွား​ရ​လိမ့်​မည်။-

14. လျင်​မြန်​စွာ​ပြေး​နိုင်​သူ​များ​ပင်​လျှင်​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်။ သန်​စွမ်း​သော​သူ​များ သည်​လည်း​အား​အင်​ကုန်​ခန်း​၍​စစ်​သူ​ရဲ​တို့ သည်​လည်း​မိ​မိ​တို့​၏​အ​သက်​ကို​ကယ်​နိုင် လိမ့်​မည်​မ​ဟုတ်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ အာ​မုတ် 2