ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟ​ဗက္ကုတ် 1:8-14 Common Language Bible (BCL)

8. ``သူ​တို့​၏​မြင်း​များ​သည်​ကျား​သစ်​ထက်​လျင်​မြန်​၍ အ​စာ​ဆာ​လောင်​နေ​သော​ဝံ​ပု​လွေ​ထက်​ပင်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ မြင်း​စီး​သူ​ရဲ​တို့​သည်​မြင်း​များ​ကို ရပ်​ဝေး​မှ​အ​ပြင်း​နှင်​၍​လာ​ကြ​၏။ သူ​တို့​၏​မြင်း​များ​သည်​မြေ​ကို​ခွာ​ဖြင့်​ရှပ်​ကြ​၏။ သူ​တို့​သည်​အ​စာ​ကို​ချီ​သုတ်​မည့်​လင်း​ယုန်​ငှက်​ကဲ့​သို့​တစ်​ရှိန်​ထိုး​မောင်း​နှင်​လာ​လေ​သည်။

9. ``သူ​တို့​၏​တပ်​များ​သည်​အ​ပြင်း​အ​ထန်​ရှေ့​သို့​ချီ​တက်​လျက်​တိုက်​ခိုက်​အောင်​မြင်​ကြ​ကုန်​၏။ သူ​တို့​ဖမ်း​ဆီး​ရ​မိ​သည့်​သုံ့​ပန်း​များ​မှာ​သဲ​လုံး​နှင့်​အ​မျှ​များ​ပေ​သည်။-

10. သူ​တို့​သည်​ပြည့်​ရှင်​မင်း​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏။ မှူး​ကြီး​မတ်​ရာ​တို့​ကို​ပြက်​ရယ်​ပြု​ကြ​၏။ သူ​တို့​အား​အ​ဘယ်​ခံ​တပ်​မျှ​မ​တား​မ​ဆီး​နိုင်။ သူ​တို့​သည်​မြေ​က​တုတ်​များ​ကို​ဖို့​လုပ်​၍​ခံ​တပ်​တို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကြ​လေ​သည်။-

11. ထို​နောက်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​ကို ဘု​ရား​အ​မှတ်​ဖြင့်​ကိုး​ကွယ်​ကြ​ကုန်​သော​ထို​သူ​တို့​သည် လေ​ကဲ့​သို့​တ​ဟုန်​တည်း​ပြင်း​စွာ​ဖြတ်​ကျော်​ထွက်​ခွာ​သွား​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

12. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စ​ဦး​ကာ​လ​က​ပင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​လျက်​ထာ​ဝ​ရ​ကာ​လ​တည်​ရှိ​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ကွယ်​ကာ​ရာ​ကျောက်​``ကိုယ်​တော်​ရှင်​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ကို​ရွေး​ချယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​နိုင်​စေ​ရန် သူ​တို့​ကို​ခွန်​အား​နှင့်​ပြည့်​စေ​တော်​မူ​ပြီ။-

13. သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။

14. ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​လူ​တို့​အား​ငါး​များ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အား​အုပ်​ချုပ်​လမ်း​ညွှန်​မည့်​သူ​မ​ရှိ​သည့်​ပိုး​အုံ​မွှား​အုံ​ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ​သ​နည်း။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟ​ဗက္ကုတ် 1